Day (1) Rovaniemi
Rovaniemi မှာ Airport ရှိပါတယ် လေယာဉ်နဲ့ သွားချင်တယ်ဆိုရင် Helsinki (Finland ရဲ့ Capital) ကတဆင့် စီးရင် ၁ နာရီကျော်ပဲ ကြာပါတယ် အိကတော့ Rovaniemi ကို Helsinki မှ တစ်ဆင့် ရထားလေး စီးပြီးတော့ ရောက်လာပါတယ် မြို့ထဲကို မဝင်ခင် ရထား ပေါ်မှာတင် အရမ်းတွေ့ချင်ခဲ့တဲ့ နှင်းတောကြီးတွေ ချစ်စရာကောင်းတဲ့ နှင်းတွေဖုံးနေတဲ့ အိမ်လေးတွေကို စပြီးတွေ့ နေရပါပြီ ၊ မနက် ၉ နာရီလောက် ရထား ဆိုက်တော့ တခါတည်း ဟော်တယ်ကို Check In ဝင်ဖို့ သွားလိုက်ပါတယ် ၊ ပထမဆုံးတစ်ရက်ဘယ်မှ မသွားဖြစ်ပဲ ဟော်တယ်မှာပဲ နေဖြစ်ခဲ့တယ်
ဒီမြို့လေးဟာ Lapland Region မှာ ဘာလို့ နာမည်ကြီးလည်းဆိုရင် Santa Claus ရဲ့ Official Home Town ဆိုပြီး တင်စားထားလို့လည်း ဖြစ်ပါတယ် ၊ Everyday is Christmas လို့ ကို ခံစား ရမှာပါ ၊ သာယာပြီး အေးချမ်းတယ် လူတွေတော်တော်များများ ဟာ အလုပ်ချိန်နည်းနည်းပဲ လုပ်ရတာကို တွေ့ရတယ် တနင်္ဂနွေဆိုရင် ဆိုင်တွေပိတ်ပါတယ် Winter Activities တွေ အတွက် Tour တွေလည်းရှိပါတယ် City Center ထဲမှာ စုံစမ်းလို့ ရတယ်
DAY (2) ROVANIEMI
ဟော်တယ်မှာ မနက်ဆာစားပြီး နေ့လည်ပိုင်းလောက် မြို့ထဲကို ထွက်ခဲ့ကြတယ် ၊ Winter ရဲ့ အေးစက်မှုဟာ မြစ်ကြီးတစ်ခုလုံးတောင်ခဲသွားပါလားဆိုပြီး Forzen Lake ကို ပထမဆုံး မြင်ဖူးချင်းပေါ့ ၊ Rovaniemi ရဲ့ မြို့လည် မှာရှိတဲ့ Landmark Birdge ကြီးနဲ့ အတူ Frozen Lake က Snow တွေကြားထဲ မြစ်ကိုဖြတ်ပြီး လမ်းလျှောက်ခဲ့တာ အမှတ်တရလေး တစ်ခုပေါ့
Frozen Lake Rovaniemi Landmark Bridge
ညကျတော့ NorthernLights Hunting Photography Tour လေးဖြစ်တဲ့ Beyond Arctic ဆိုတဲ့ Tour Group နဲ့ အတူ Join ဖြစ်ခဲ့ပါတယ်
Day (3) – SANTA CLAUS VILLAGE
ဒီနေ့လေးက အိအတွက် တက်ကြွနေတဲ့ နေ့လေးပါ Santa Claus Village လေးကို စော်စော်စီစီး ထွက်လာခဲ့တယ် Santa ဖိုးဖိုးကြီးကို တွေ့ဖို့ အတွက်လေ ၊ Santa Claus Village ထဲမှာ Activities တွေ အများကြီး လုပ်လို့ ရတယ် Village ဆိုတဲ့ အတိုင်း ခြံခက်ထားတဲ့ ရွာလေးမှာ အိမ်သေးသေးလေတွေနဲ့ လည်လို့ရတဲ့ သူ့နေရာနဲ့ သူရှိနေပါတယ်
- Santa House ကို လည်လို့ရမယ်
- Reindeer Rides လေးစီးလို့ရမယ်
- Snow World ရေခဲတွေနဲ့ ဆောက်ထားတဲ့နေရာလေးပါ
- Husky Rides တွေ စီးလို့ရမယ်
- Snowmobile စီးလို့ရမယ်
There are many Santa Claus in Santa Village. You need to choose the right one. You can find him at the biggest building at the centre of the village.
Arctic Circle Line ဖြတ်သွားတယ်ဆိုတဲ့ စည်းလေးကို တိုင်လုံးလေးတွေထောင်ပြီး ဖြတ်ထားတာလေးကို ဒီလိုလေး ကျော်ခဲ့တယ်
တခြား Tour Company တွေလည်း အဲဒီ ဝန်းထဲမှာရှိတဲ့ အတွက် ကိုယ် ဘာလုပ်ချင်လဲဆိုတာ စဉ်းစားပြီးရင် တခါတည်း Join လို့ရပါတယ်
Reindeer Rides စီးတဲ့နေရာလေးက Santa Building ရဲ့ အနောက်ဖက်နားလေးမှာပါ
Snow Village ကို သွားဖို့ plan မရှိဘူးဆိုရင်တော့ Snow World လေးက လည်သင့်တဲ့ နေရာလေးပါ Ice Bar တို့ Ice Room တို့ ဆိုတာ Snow World ထဲမှာရှိတာပါ တစ်ခုလုံး
Ice တွေနဲ့ ဆောက်လုပ်ထားပြီး Winter မှာပဲ ရှိတဲ့ Attraction တစ်ခုဖြစ်ပါတယ် ကောင်တာမှာ ဝင်ကြေးပေးပြီးရင် အထဲမှာရှိတဲ့ အခန်းတွေကို လိုက်ကြည့် ဓာတ်ပုံရိုက် စားသောက်လို့လည်းရပါတယ်
Santa Salmon Place | Salmon ကို မျက်စိရှေ့မှာတင် Grill လုပ်ပေးတာပါ အစ်မတစ်ယောက်က ညွန်လို့ သွားစားဖြစ်ခဲ့တာ အရမ်းကောင်းမှ ကောင်းပဲရောက်ဖြစ်ခဲ့ရင် စားခဲ့နော်
လမ်းတလျှောက်ဟာ မျက်စိ အစအဆုံး လမ်းမကြီး ရယ် ထင်းရှူးပင်တွေရယ် အရမ်းကို လှတယ်
နေ့လည် ၁ နာရီလောက်မှာ Igloo Hotel လေးဆီကို ထွက်လာကြတယ်
Day (4) – Levi
Levi ဆိုတဲ့ မြို့လေးက Lapland မှာ Ski မြို့လေး အဖြစ် နာမည်ကြီးပါတယ် ဒီမြို့လေးကို လာတဲ့ သူတော်တော်များများ ဟာ Winter Activities တွေလုပ်ဖို့ လာကြတာပါ Ski သမားတွေအတွက် အကောင်းဆုံးနေရာလေးတစ်ခုလည်းဖြစ်ပါတယ် ဒီမြို့နဲ့ အနီးဆုံး Airport က Kittilä airport ဖြစ်ပါတယ် Helsinki ကနေ ဒီမြို့လေးကို တန်းလာလို့ရပါတယ်
ဒီမြို့လေးက Rovaniemi လို အိမ်လေးတွေက တစ်လုံးနဲ့ တစ်လုံး ကပ်မနေဘူး တစ်ခုနဲ့ တစ်ခု အဝေးကြီးတွေနဲ့ ဆင်တူလေးတွေ ဖြစ်နေတာကို တွေ့ ရလိမ့်မယ်
Snowshoeing ဆို တာ Activities တစ်ခုပါ သူက အဲဒီ ဖိနပ်လေးနဲ့ ဆီပြီး နှင်းထဲ လမ်းလျှောက်ရင် အရမ်းအဆင်ပြေတဲ့ အရာလေးပေါ့ ပုံမှန်ဆိုရင် Tour Service တွေဆီမှာ ငှားရတယ် ဒါမဲ့လေ Northern Lights Ranch က Glass House တစ်ခုဆီတိုင်းမှာ အဲဒီ ဟာလေး နှစ်စုံ ပေးထားပါတယ် အဲတော့ ပိုက်ဆံ အပိုမကုန်တော့ဘူးပေါ့ အိတို့ ရဲ့ အိမ်လေး အနောက်မှာ တော အုပ်ကြီးရှိတဲ့ အတွက် အဲဒီ ထဲကို Snowshoeing လုပ်ဖြစ်ခဲ့ပါတယ်
Reindeers လေးတွေက Baby လေးတွေပဲ ရှိသေးတယ် Northern Lights Ranch က မွေးထားတာပါ ၊ သူတို့လေးတွေက လူကြောက်တတ်တယ် အစာကျွေးတဲ့သူဆိုရင်တော့ မှတ်မိလွယ်တယ် စကားနားလည်တယ်တဲ့
Day (5) – Snow village
အိသွားချင်ခဲ့တဲ့ နေရာလေးတစ်ခုဖြစ်တဲ့ Snow Village ကို ရောက်ခဲ့ပါပြီ Snow Village လေးဟာ Levi မြို့နဲ့ဆိုရင် မိနစ် ၃၀ လောက်မောင်းရပါတယ်
Game of Throne Theme ကို ဆောက်ထားတဲ့ Ice Art ကို GOT Fan တစ်ယောက်အနေနဲ့ ကြည့်ချင်လို့ ရောက်လာခဲ့ပါတယ်
သွားရတာ အတန်ဆုံးထဲမှာ ပါပါတယ် အထဲမှာ GOT Theme ကို ဆောက်လုပ်ထားတာ တကယ်ကို မထင်ရပါဘူး Setting အပြင်အဆင်က အရမ်းကိုသားနားပြီး The Art of Ice ကိုလေးစားမိတယ် ၊ နောက်နှစ်မှာ ဒီ Theme ဟုတ်ချင်မှ ဟုတ်လိမ့်မယ် Ice နဲ့လုပ်ထားတာမို့ Winter တစ်ခုပြီးရင် တစ်ခု ပြန်ဆောက်ရတယ်တဲ့
Day (6) – SNOWMOBLE
မပြန်ခင် တစ်ရက်မှာ Winter Activities တွေထဲမှာ Popular တစ်ခုဖြစ်တဲ့ Snowmoble လေးကို စီးခွင့်ရခဲ့ပြီပေါ့ ၊ သူက Driving License ရှိမှမောင်းလို့ရပါတယ် ၊ Snowmobile Safari လို့ခေါ်ပြီး နှင်းတောထဲ အထိမောင်း အသွားအပြန် မောင်းရပါတယ် နှင်းတောထဲမှာ ဆိုင်ကယ်မောင်းတာပေါ့ နော်
Snowmobile ပြီးတော့ Husky Farm လေးထဲကို သွားလည်ဖြစ်ခဲ့တယ် Husky Ride လေးက အရမ်းစီးကောင်းတယ်လို့လူတိုင်းပြောကြတယ် ဒါမဲ့ အိမစီးခဲ့ပါဘူး သူတို့လေးတွေကိုသနားလို့
Activities တွေ အားလုံးက ကိုယ်တည်းတဲ့ Hotel မှာ Booking တင်လို့ရပါတယ်
DAY (7) – Time to go back
နောက်နေ့ မနက် Hotel မှာ မနက်ဆာစားပြီး အိတို့ FINAIR နဲ့ Switzerland ကို ထွက်လာခဲ့ပါတယ်
- Finland ကို သွားလည်ဖို့စဉ်းစားမယ်ဆိုရင် Expensive ဖြစ်တာကို သတိရပေးပါ Winter နိုင်ငံတွေမှာ အရာအားလုံးက ဈေးများပါတယ်
- အရမ်း အေးတဲ့ အတွက်ကြောင့် Winter Accesseries တွေ အများကြီး သယ်သွားဖို့လိုပါတယ်
- NorthernLights အတွက်သွားတာမဟုတ်ပဲ တကယ်ကို ပျော်စရာကောင်းတဲ့ ခရီးတစ်ခု အဖြစ်သွားစေချင်လိုပါတယ်
Leave a Reply