အသည်းပုံ ကျွန်းလေးရှိရာ
လွန်ခဲ့ တဲ့ ၄ နှစ်က ချစ်စ ခင်စ အချိန်လေးတုန်းကပုံလေးတွေေပါ့
အချိန်ဆိုတာ ကုန်တာ မြန်ပါတယ် ဒါမဲ့ အမှတ်တရတွေ အများ ကြီး ကျန်ခဲ့တယ်

Maldives ဆို တာ လူတိုင်းလည်း သိပြီးသား နေရာမို့ အထွေ အထူး မပြောပြတော့ဘူးနော်
Maldives မှာ ဘယ်ဟော်တယ်လေးတွေ လှလဲ လို့ သိချင်သူများ အတွက်ကော သူများနဲ့ မတူတာ သွားချင်တဲ့ သူတွေ အတွက် ကော အရမ်းသာယာတဲ့ နေရာလေးတစ်ခု အဖြစ် မျှဝေပေးလိုက်တာပါ
Constance Halaveli
❣ အရမ်းလှတဲ့ အသည်းပုံ ကျွန်းလေးမှာ ရှိတဲ့ ဟော်တယ်လေးပါ
❣ သူက 5 stars ဆိုတဲ့ အတိုင်း Service တွေ အပြည့်ပါတာပေါ့နော်

❣ Sea Plane နဲ့ Male မြို့နဲ့ တော်တော် ဝေးတဲ့ Ocean နက်တဲ့ နေရာလောက်အထိ သွားရပါတယ်
❣ Service က တော့ ပြောမနေနဲ့ အရမ်းကောင်းလွန်းလို့ တင်မကဘူး အဲမှာ ရှိတဲ့ Staffs တိုင်းက လာတည်းတဲ့ သူတွေရဲ့ နာမည် တစ်ယောက်ချင်းစီကို သိနေတာလေးက အရမ်းကြည်နူးစရာလေးပဲ
❣ Maldives သွားမယ်ဆို ရင် နှစ်ရက်လောက်ပဲနေပါနော် အိတို့တုန်းက ၃ည အိပ် ၄ ရက်သွားခဲ့ တာ စစချင်းပျော်ပေမဲ့ နောက်ပိုင်း ပျင်းလာရော ပုံတွေကြီး ပဲ လျှောက်ရိုက်နေတာ

❣ Half-Board Meal ပါတဲ့ ဟာလေးကို Booking တင်ပါ (Half-Board Meal ဆိုတာ မနက်စာနဲ့ ညစာ ပါတာကို ပြောတာပါ)
❣ ညဖက်ဆိုရင် ကြယ်လေးတွေကြည့်ရတာ အရမ်း ပျော်ဖို့ ကောင်းတယ်
❣ ကိုယ့်ချစ်တဲ့ သူနဲ့ တစ်ခါလောက်တော့ ရောက်ဖူးသင့်တယ်ဆိုတာ တကယ်မမှားပါဘူး
❣ ကြည်လင်နေတဲ့ ရေပြင်နဲ့ ကောင်းကင်ကြီး ထိနေတာကို ကြည့်နေရတာ တကယ့် Paradise ပါပဲ
Don’t forget to bring your white dress!
SHOP NOW
Leave a Reply