A Unique Place that God Created Beautiful Turkey
Turkey ဆိုရင် မီးဗုံးပျံလေးတွေ ကိုပဲ စပြီး မြင်ရောင်ကြမှာ ဟုတ်တယ်ဟုတ် Turkey နိုင်ငံလေးက Hot Air Balloon တွေကြောင့်ပဲ လှနေတဲ့ နိုင်ငံ မဟုတ်ပါဘူးဆိုတာ အိတို့ သွားခဲ့တဲ့ ၁၄ ရက် ခရီးစဉ်လေးမှာ တွေ့ မြင်ခဲ့ရတယ်

- ပုံမှန်နဲ့ မတူ တမူထူးခြားနေတဲ့ သဘာဝဖြစ် ကျောက်တုံး တောင်တန်းတွေ
- သိပ်လှပတဲ့ Turkey Coast Line
- History မှာ ကျန်ခဲ့တဲ့ အမွေအနှစ်တွေ
- ပြည်ထွက်ပစ်စည်းတွေနဲ့ စီကားနေတဲ့ မြို့တော်
- ဖော်ရွေပြီး အလုပ်အရမ်းကြိုးစားတဲ့ လူမျိုးစု
ဒါတွေဟာ Turkey နိင်ငံလေးကို လာချင်စရာကောင်းအောင် ဖိတ်ခေါ်နေတယ်လို့ အိခံယူမိခဲ့ပါတယ် အိအမြဲပြောသလိုပဲ အိတို့ ခရီးတစ်ခုသွားရင် ဘယ် မြို့တွေ ကို စသွားရမလဲဆိုတာကို အရင် ဆုံး ဆုံးဖြတ်လေ့ရှိတဲ့အတွက် မြို့တွေကနေစပြီး ပြောပြပေးသွားမယ်နော်
1. Cappadocia Region (5 days 4 nights)
အိတို့ ပထမဆုံး ရောက်သွားတဲ့ နေရာလေးပေါ့ သူက လူတွေ စိတ်ဝင်စားကြတဲ့ Hot Air Balloon တွေနဲ့ စည်းကားနေတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ် အမှန်တော့ အဲနေရာလေးက Hot Air Balloon ရှိမှ မဟုတ်ဘူး မရှိလည်း သူ့ဟာနဲ့သူ လှနေတာဆိုတာ ကို ကိုယ်တိုင် သွားကြည့်မှပဲ သိမယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဒေသလေးက ပုံမှန် ဖွဲ့စည်းထားတဲ့ တောင်တန်းတွေလိုမဟုတ်ဘဲ ကျောက်တုံးတွေက အချွန်အတပ်လေးတွေ နဲ့ တမူထားခြားနေတယ် ဘယ်နေရာကြည့်ကြည့် မျက်စိတစ်စုံး မှာ အဲလို တောင်တန်းလေးတွေကြီးပဲ (ပြောပြလို့ မရအောင် လှတဲ့ အတွက် ပုံလေးတွေ ကို ကြည့်ပေးနော်) ပြီးတော့ အရင်တုန်းက လူတွေ ဘယ်လို Cave ထဲမှာနေခဲ့လည်းဆိုတာကို ကိုယ်ကိုယ်တိုင်လည်းနေကြည့်လို့ ရတယ်၊ နောက်ပြီး Underground City ဆိုတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်က မြေအောက်မှာ လူတွေ ဘယ်လိုနေထိုင်စားသောက်ခဲ့လည်းဆိုတာ လေ့လာလို့ ရပါတယ်

Cappadocia မှာမှ Goreme နဲ့ Uchisar ဆိုပြီးတော့ မြို့နယ်လေးနှစ်ခု ရှိပါတယ်
Goreme မှာက ဟော်တယ်တွေ တစ်ခုနဲ့ တစ်ခု ဘေချင်းကပ်ရပ်ရှိနေပြီးတော့ စားသောက်ဆိုင်တွေ Tour တွေနဲ့ စည်းကားနေတဲ့ မြို့ငယ်လးပေါ့ ၊ မြို့လေးက တောင်တွေကြားမှာ ဆောက်လုပ်ထားတဲ့ အတွက် တောင်ကြားထဲက အိမ်ကလေးတွေ နဲ့ Aladdin ကားထဲက လိုမျိုး Rooftop တွေ ဟော်တယ်မှာကော အိမ်တိုင်းမှကော ရှိကြတယ် ၊ တစ်နေရာနဲ့ တစ်နေရာသွားမယ်ဆိုရင် လမ်းလျှောက်ပြီး လျှောက်လည်ကြည့်လို့ရတယ် ၊ မြို့ ထဲမှာ လည်လို့ ရတယ် ၊ လက်ဆောင်ပစ်စည်းဆိုင်လေးတွေ ကောဇောဆိုင်လေးတွေ ရှိမယ်
Uchisar ဆိုတဲ့ မြို့လေးကတော့ လူနည်းနည်းရှင်းတယ် Attraction တွေထက် ဟော်တယ်မှာ အေးဆေးနားပြီး လှလွန်းတဲ့ Landscape ကြီးကို မျက်စိတစ်ဆုံးကြည့်ပြီး အချိန်တွေ ဖြတ်သန်းတာဖို့ ပိုကောင်းတဲ့ နေရာလေးပေါ့ ၊ တောင်ပေါ်မြို့လေးဖြစ်တဲ့ အတွက် ဟော်တယ်တွေ တော်တော်များများက View ကြည့်လို့ ကောင်းအောင် တောင်ပေါ်မှာ ဆောက်ထားတယ် ၊ Attraction တွေ သွားဖို့ တစ်နေရာနဲ့ တစ်နေရာ ဝေးတဲ့ အတွက် Tour သို့ ကားရှိမှ အဆင်ပြေလိမ့်မယ် ဒါမဲ့ အပန်းဖြေဖို့အတွက်ဆို တကယ်ကို Landscape Perfect နေရာလေးပါ နောက်ထပ်နီးတဲ့ မြို့လေးတစ်ခုကို လည်ချင်တယ်ဆိုရင်တော့ Avanos လိုခေါ်တဲ့ မြေအိုးလေးတွေ ထုတ်လုပ်တဲ့ မြို့လေးမှာလည်း အိုးလေးတွေ ဘယ်လို လုပ်ကြလဲဆိုတဲ့ လက်မှု ပညာလေးတွေ လော့လာလို့ရပါတယ်
2. Pamukkale (3 days 2 nights)
Pamukkale ဆိုတဲ့ မြို့လေးကတော့ ရှေးခေတ်ကကျန်ခဲ့တဲ့ ထုံးရေကန် (Termal travertine terraces) ကြောင့် Tourist တွေ အရမ်းများ ပြီး အေးချမ်းလှတဲ့ မြို့ သေးသေးလေးပါ

လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီက Greek -Roman Spa City လိုလည်း အမည် သွင်ခဲ့ပါတယ်, ကမ္ဘာပေါ်မှာ ထုံးရေကန်တွေ အများ ကြီး ကျန်ရှိတဲ့ အထဲမှာမှ အထပ်အထပ်လေးတွေအများဆုံးနဲ့ Cotton Castle လေးလိုမျိုး ဖြစ်နေတာကြောင့် Pamukkale က Turkey ရဲ့ နာမည်ကြီး Attraction လေး တစ်ခု ဖြစ်လာခဲ့ပါတယ် Pamukkale ကို သွားလည်ဖြစ်ခဲ့မယ်ဆိုရင် တော့ အဓိက သွားလည်ရမဲ့နေရက တော့ Hierapolis Acient City (အရင်ခေတ်မြို့ပျက်ကြီး တစ်ခု) ပါ၊ အထပ်ထပ် ဖြစ်နေတဲ့ ထုံးရေကန်ကလည်း အဲထဲမှာ ပဲ ရှိတာပါ

3. Bodrum (3 days 2 nights)
Turkey ကို သိပေမဲ့ Bodrum ကို သိချင်မှ သိလိမ့်မယ် Bodrum ဆိုတာ Harbour/Marine City လေး တစ်ခုပါ၊ တော်တော်များများ မသိကြပါဘူး အိကို ရောက်အောင် ဆွဲဆောင်ခဲ့တဲ့ အဓိကအရာက သိပ်လှပတဲ့ “Turkey Coast Line” ၊ Turkey Coast Line ဖြတ်ဖူးသူတိုင်းဟာ အရမ်းလှ လို့ မမေ့နိုင်ဘူးလို့ ပြောကြတယ် ဘာလဲပေါ့ သိပ်သွားချင်မိသွားခဲ့တယ်, အဲဒါနဲ့ အိတို့တွေ Pamukkale ကနေပြီးတော့ Bodrum ကို ကားလေးနဲ့ မောင်းလာခဲ့ကြတယ် ၄ နာရီလောက်မောင်းရပါတယ်

ရောက်ခါနီး ၁ နာရီလောက် အလိုမှာ “ဟာ ဟိုမှာ ပင်လယ်ကြီးဆိုပြီး စတင်မြင်ရပြီ ပေါ့ ၊ အမှန်ပါ တကယ် အရမ်း လှလွန်းလို့ ပုံဖော်ပြရမယ်ဆိုရင် တစ်ခါမှ မမြင်ဖူးတဲ့ Marine အပြာအရာင် ပင်လယ်ကြီး နဲ့ ကိုယ်ဟာ ဘေးချင်းကပ်ရပ် ယှဉ်ပြီး သွားနေရတလိုမျိုး ခံစားချက်၊ ပင်လယ်ကန်းရိုးတန်း တလျှောက်လုံးမှာ အရမ်းမိုက်တဲ့ သင်္ဘောတွေ Resort တွေ အိမ်ဖြူ လှလှလေးတွေ စီစီရီရီလေးနဲ့ ကားလမ်းတလျှောက်လုံး “လှလိုက်တာ လှလိုက်တာ” ဆိုတဲ့ စကားကနေကို မချနိုင်ခဲ့တာ အမှန်ပါပဲ
ဟုတ်ပါတယ် Bodrum ဆိုတဲ့ မြို့လေးဟာ ကမ်းခြေမြို့ လေးလို့ပဲ ခေါ်ရမှာပေ့ါ အထူး သဖြင့် ဒီမြို့ လေးကို လာကြတဲ့သူတွေ တော်တော်များများက အဖြူ Foreigner တွေကြီးပဲ စျေးလည်း အင်မတန်မှ ကြီးပါတယ် ၊ ကိုယ်ပိုင် Yacht တွေနဲ့လာတယ် အေးအေးဆေးဆေး အနားယူတယ် ပြီးရင် Water Activities တွေ လုပ်ကြတယ် World Number 1 စားသောက်ဆိုင်တွေ တော်တော်များများလည်း ရှိတယ် SeaFood တွေ ပေါမှ ပေါပဲ Honeymoon လာလို့ကောင်းတဲ့ နေရာလေးပါ Beach ကို ကြိုက်တဲ့သူတွေ အတွက်ဆိုရင်တော့ တကယ်ကို Highly Recommand

4. Istanbul (3 days 2 nights)
Istanbul ကတော့ အားလုံး သိကြတဲ့ အတိုင်း Turkey နိုင်ငံရဲ့ မြို့တော်ပါ, Istanbul မြို့ထဲ မှာတင်လည်စရာတွေ အရမ်းများလို့ မကုန်ပါဘူး အစားအသောက် အရမ်း အရမ်းကောင်းတဲ့ မြို့လို့လည်း ဆိုနိုင်ပါတယ် လူ တအားရှုတ်တယ် ကား တအား ပိတ်တယ် တချို့နေရာတွေဆိုရင် ရန်ကုန်နဲ့တူတယ် ပြည်တွင်းထွက် ပစ်စည်းလေးတွေ ကို အဓိက ရောင်းချနေတာကို တွေ့ရတယ်


Istanbul ကို သွားမယ်ဆိုရင် ဒါလေးတွေတော့ သိသင့်တယ်နော်
- ဒေါက်လုံးဝ လုံးဝ စီးလို့ မကောင်းပါဘူး လမ်းတွေက လမ်းကြားတွေများပြီး ကုန်းတက် ကုန်းစင်း ကျောက်တုံးတွေနဲ့ အဆင်တော်တော်မပြေပါ
- Taxi စီးမဲ့ အစား Uber စီးပါ ပိုပြီး safe ဖြစ်ပါတယ် အိတို့တောင် taxi သမား လိမ်တာခံရတာ 150 SGD လောက်ပါသွားပါတယ်
- ဟော်တယ်တွေ တော်တော်များများ ဟာ Tram လိုင်းတွေ နားမှာရှိတဲ့ အတွက် Taxi တွေ ဝင်လို့ မရပါဘူး အဲတော့ Hotel ရွေးရင် သေချာလေး ရွေးပါ
- Money Changer တွေ များလွန်းပြီး Rate တစ်ခုနဲ့ တစ်ခု ပေးတာတွေ အရမ်းကွာတဲ့ အတွက် တစ်ဆိုင်တွေ့ပြီး ချက်ချင်းမလဲ လိုက်ပါနဲ့ နောက်တစ်ဆိုင်မှာ ပိုရမှာပါ
- City ဖြစ်ပြိးလူတွေ ရှတ်ရှုပ်ခတ်နေတဲ့ အတွက် အသွားအလာလေးတွေ သတိထားပါနော်
SHOP THE POST
Leave a Reply