Beer Spa ဆိုတာလေး ကြားဖူးကြလား?
အိက Spa လုပ်ရတာ အရမ်းကြိုက်တဲ့ သူမို့ ဘယ် ခရီး ရောက်ရောက် နယ်မြေအသစ်ရဲ့ Spa တွေ Massage တွေကို ကိုယ်ကိုယ်တိုင်လုပ်ရင်း လေ့လာဖြစ်တယ်
Iceland 🇮🇸 မှာ ဘယ် Spa လေး ကောင်းလဲဆိုတာ ရှာဖွေရင်း
Nordic တွေရဲ့ Beer Spa လေး အကြောင်းပြောပြချင်ပါတယ်
Beer သောက်ရင် ကျန်းမာရေးကောင်းတယ်ဆိုတာတော်တော်များများ သိကြတယ်ဟုတ်? အဲလိုပါပဲ Beer Spa လုပ်ရင်ကော ဘာ Benefit တွေ ရနိုင်မလဲ
အိတို့ လုပ်ခဲ့တဲ့ Beer Spa မှာ အဆင့် နှစ်ဆင့်ပါဝင်ပါတယ်
1. Beer Bath
Beer Bath မှာ Beer ထုတ်တဲ့ အခါမှာ ပါဝင်တဲ့ Yeast, Hops နဲ့ Beer Salt, Beer Oil တို့ကို Thermal Water 36 Degree ရှိတဲ့ အထဲ အချိုးကျကျ ပေါင်းစပ်ထားပြီး ရေစိန်နိုင်အောင် အသင့်ပြုလုပ်ထားပေးပါတယ်
Beer Bath ပြုလုပ်ချင်းဟာ Skin အတွက်ဆိုရင် Skin Smoothing, Rejuvenating တို့သာမက Pimple Skin တို့ကိုလည်း အရမ်း အထောက်အကူပြုပါတယ် အသားအရည်ကို နုညံ့စရုံသာမကပဲ Blood Circulation ကိုပါ ကောင်းမွန်စေတဲ့ အတွက် Health ကိုပါ အထောက်အကူပြုစေတယ်တဲ့
အနံ့လေးက Beer ကိုမှ Aromatherapy အနံ့လေးနဲ့ဆိုတော့ စိတ်ကို တကယ် လန်းဆန်းသွားတာပဲ
ကဲ နောက်တစ်ခုကတော့ Beer ကြိုက်သူတွေအတွက် Beer Tap ထဲကနေ ကြိုက်သလောက် Beer သောက်လို့ရတော့ အပူနွေးလေးစိမ်ပြီး ဘီယာ အေးအေးလေး သောက်လိုက်ရတာ ဇိမ်ပဲ.. အိ ဘီယာမကြိုက်တဲ့သူတောင် အရသာကောင်းလို့ သောက်ဖြစ်သွားတယ်
၂၅ မိနစ်ပဲ စိမ်ရတယ် ပြီးရင် တံခါးလာခေါက်ပြီး နောက်တစ်နေရာကိုသွားရတယ်
2. Relaxation
Sauna တို့Steam တို့ ထိုင်ပြီးရင် Cool Down လုပ်ရသလိုမျိုးပဲ Relaxation လုပ်တဲ့ နေရာ အိပ်ရာ ခုံလေးတွေ ရှိတဲ့ နေရာကို ခေါ်သွားပါတယ်
ခြေထောက်လေးကို နှိပ်နယ်ပေးပြီး စောင်လေး ခြုံပေးသွားတယ်
သံဇဉ်လေးက ငြိမ့်ငြိမ့်လေးနဲ့ ၂၅ မိနစ်ကြာ Relaxation ကို အပြည့် အဝ ခံစားရတယ်
Iceland အေးတဲ့ ရာသီဥတုနဲ့ တကယ်ကို လိုက်ဖက်ပြီး ပြန်ထွက်လာတော့ အသားလေးက အိပြီးစိုသွားတာပဲ
ကြိုက်လိုက်တာ ကြိုက်လိုက်တာဆိုတာ စလုံးပြန်ရောက်ရင် ဘီယာပုလင်းတွေ ဝယ်ပြီး စိမ်ရင် ကောင်းမလားလို့တောင်တွေးမိတယ်ပေါ့နော်
အရမ်းကြိုက်လို့ အားလုံးလည်း သွားဖြစ်ခဲ့ရင် လုပ်စေချင်လို့ ဒါလေးရေးပေးလိုက်တာပါရှင့်
ကဲ သင်လည်း Beer ကြိုက်သူတစ်ယောက်ဆိုရင် သေချာပေါက်ကို သွားသင့်ပါတယ်နော်
Iceland ရဲ့ Akureyri မြို့လေးမှာ တည်ရှိပါတယ်
Check Out https://www.bjorbodin.is/eng
တခြား အအေးနိုင်ငံတွေမှာလည်း Beer Spa လေးတွေရှိတယ်တဲ့ သွားဖြစ်ခဲ့ရင် အိကို ပြန်ပြောပြအုံးနော်
Leave a Reply