Every Hotel is beautiful in Finland especially those at the northern part where we call Lapland. Can you imagine decorated woodern house covered by snow? It is everyone’s dream to stay in one of those during winter time.
Arctic Treehouse Hotel
Arctic Treehouse ဆိုတဲ့ နာမည်လေး အတိုင်း သစ်ပင်တွေကြားထဲက အိမ်လေးဆိုတာတကယ်ကို မှန်ပါတယ် Rovaniemi မြို့လေးမှာ Igloo/Glasshouse ဟောတယ်တွေ အများကြီးရှိပါတယ် ဒါမဲ့ ဒါလေးကို ရွေးချယ်မိတယ် Rovaniemi City Area နဲ့ ဆို ရင် ၁၅ မိနစ်လောက် ကားမောင်းရပါတယ် သီးသန့်မြို့ပြင်လေးမှာ တည်ရှိပြီး Modern Design လေး ဆောက်လုပ်ထားတဲ့ Luxury ဟော်တယ်လေးပါ
Hotel Reception နဲ့ Restaurant က တွဲလျက်ရှိပြီး စစဝင်ချင်းမှာ Lappish Tradition Dining Interior ဒီဇိုင်းတွေနဲ့ ကြိုဆိုနေပါတယ် ရောက်ရောက်ချင်းပဲ Welcome Drink ပူပူလေးကို တိုက်တယ် Check In ၀င်ဖို့ စောင့်နေရင်း မီးလုံလို့ ရတဲ့ နေရာလေးရှိတယ် ပြီးတော့ စာရွက်လေးတွေနဲ့ ကိုယ်ထိုင်တဲ့ နေရာလေးရောက်လာပြီး ကိုယ်နေရမဲ့ နေရာလေးရဲ့ Map ကို ဘယ်လိုသွားရမလဲ သေချာရှင်းပြတယ် နောက် တစ်ခုက သူတို့မှာ ဒီနေ့ည Aurora ထွက်နိုင်တဲ့ Chance ရှိတယ် အဲဒါကြောင့် Alarm လိုချင်တယ်ဆိုရင် Whatsapp Group ထဲ့ Add လို့ ရအောင်လို့ Whatsapp လေးပို့ပေးပါနော် ဆို ပြီး ရောက်ရောက်ချင်းမှာ အဲလိုပြောတာ အရမ်း Surprise ဖြစ်သွားတယ် ရောက်သွားတဲ့ အချိန်က မနက် ၉ နာရီ Early Check In ပေးလုပ်တဲ့ တကယ်ကို အဆင်ပြေပြီး ရွေးတာမှန်တဲ့ နေရာလေးပါ
အေးချမ်းတိတ်ဆိတ်တဲ့ ဒီနေရာလေးမှာ ကော်ဖီပူပူလေးသောက်ပြီး လှတဲ့ နှင်းတောလေးထဲမှာပဲ နေချင်မိတယ်
အိရဲ့ Finland ပထမဆုံးညမှာ အရမ်းလှတဲ့ ထင်ရူးပင်တွေနဲ့ နှင်းတွေကျနေတာကို ကြည့်ရတဲ့ Feeling လေးက တကယ်ကို အမှတ်တရလေးပါပဲ သူတို့မှာ Suite Room တွေပဲ ရှိပါတယ် တချို့ Suite Room တွေမှာ ၃ ယောက်လောက်အထိ အိပ်လို့ရပါတယ် ဘာလို့လည်းဆိုတော့ Nest Bed လိုမျိုး ထပ်ခိုးအခန်းသေးသေးလေး ပါပါတယ် ကလေးနည်းနည်းတဲ့ Family ဆိုရင် Suite အခန်လေးထဲမှာ အားလုံး အဆင်ပြေတာပေါ့ မနက်ဆာကို Reception က Restaurant မှာ Buffet ကျွေးပါတယ် Room Rate ထဲမှာပါပြီးသားပါ ၊ In-Room Service လိုချင်တယ်ဆိုရင်တော့ Extra Charges အနေနဲ့ လာပို့ခ နည်းနည်းပေးရပါတယ်
Hotel က Rakas Restaurant & Bar မှာ ညထမင်းစားနေရင်း Waitress လေးက NorthernLights လေး ပေါ်နေပြီအပြင်မှာ ထွက်ကြည့်နော်လို့ လာပြောတော့ အမြန်ထွက် ကြည့်လိုက်တော့ အရမ်းပျော်ခဲ့ရတဲ့ ပထမဆုံး Lapland မှာ မြင်ရတဲ့ NorthernLights လေးပါ
သစ်တောထဲမှာနေချင်တဲ့ Feeling ကို ခံစားချင်တယ် မြို့ထဲနဲ့လည်း အရမ်းမဝေးတဲ့ နေရာမှာနေချင်ရင် Santa Village နဲ့လည်း နီးချင်ရင် အတွက် အဆင်အပြေဆုံး Hotel လေးပါ
Arctric Treehouse Hotel | We stayed 2 Nights at Suite Number (26)
Kakslauttanen Hotel
ဒီဟော်တယ်လေးက Facebook ပေါ်မှာဆိုရင် အမြဲ မြင်နေရတဲ့ လိပ်လိုပုံစံ Igloo လေးတွေရှိတဲ့ ဟော်တယ်လေးပါ Saariselkä မြို့လေးနဲ့ အနီးဆုံးမှာရှိပြီး Rovaniemi က နေဆိုရင် ၃နာရီလောက် ကားမောင်းသွားရပါတယ် တကယ်လို့ ဒီဟိုတယ်လေးကိုပဲ လာချင်တယ်ဆိုရင်တော့ ၊ Helsinki ကနေပြီး Ivalo Airport ကို လေယာဉ်စီးပြီးလာလို့ရပါတယ် Ivalo Airport မှတစ်ဆင့် မိနစ် ၂၀ လောက် ဆိုရင် ရောက်ပါပြီး
ဟော်တယ်ရဲ့ ခြံဝန်းက တော်တော်လေးကို ကြီးပါတယ် အဲမှာ Igloo လေးတွေလည်း အများကြီး Igloo နေရတာ မကြိုက်ဘူး ဆိုရင် Log Chalets လေးတွေလည်းရှိပါတယ် နှင်းတွေ ကြားထဲမှာရှိတဲ့ Resort တစ်ခုလိုကိုဖြစ်နေတာပါ Hotel Reception မှာတင် Activities List တွေ တောင်းပြီး နောက်နေ့ အတွက် Plan လုပ်လို့ ရပါတယ်
Our Igloo With Owner
ဒီဟော်တယ်လေးက အိတည်းခဲ့တဲ့ အထဲမှာ စျေး အကြီးဆုံးပါ Room Rate ဖြစ်ပါတယ် Service က အရမ်းဖော်ရွေပေမဲ့ Facilities အရမ်းနည်းပါတယ် Igloo ထဲမှာ အိမ်သာပဲ ပါပြီး ရေချိုး ခန်းမပါတာရယ် ပြီးတော့ igloo လေးက အရမ်းသေးတဲ့ အတွက် Body ဆိုဒ်ကြီးတဲ့ သူတွေနဲ့ ဆိုရင် အဆင်မပြေဖြစ်တတ်ပါတယ်
Room Rate က Half-Board Meal ဖြစ်တဲ့ အတွက် မနက်စာနဲ့ ညစာ နှစ်ခါကျွေးပါတယ် ဒါမဲ့ အစားအသောက်လုံးဝမကောင်းပါဘူး
ဒီ Hotel လေးက တခြားမြို့တွေ လည်း သွားမလည်ချင်ဘူး စ်နေရာတည်းမှာပဲ နေပြီး Activitites တွေ အားလုံးလည်း လုပ်ချင်တယ် နှင်းတွေနဲ့လည်းဆော့ချင်တယ်ဆိုရင်တော့ ကလေးရှိတဲ့ Family တွေ အတွက် အသင့်တော်ဆုံးလို့ ပြောလို့ရပါတယ် Resort ဝန်းက အရမ်းကြီးတဲ့ အတွက် အိတို့တောင် အကုန်မရောက်ခဲ့ပါဘူး
Kakslauttanen Hotel | We stayed one night at Igloo No (2)
Northern Lights Ranch
ဒီဟော်တယ်လေးက အိအကြိုက်ဆုံး ဟော်တယ်လို့ပြောရင်မမှားပါဘူး အရမ်းအရမ်းကို လှတဲ့ ဟော်တယ်လေးပါ သူမှာ Glass House က ၆ ခုပဲ ရှိပါတယ် အခု မှ စဖွင့်တဲ့ ဟော်တယ်လေး ဖြစ်ပြီး တကယ်ကို နှင်းတောထဲ ရောက်သွားသလို ခံစားရမှာပါ အတွဲတွေလာမယ်ဆိုရင် Romantic လေးဖြစ်ပြီး နှင်းတောထဲမှာ နှစ်ယောက်သား ကမ္ဘောလေးလိုဖြစ်နေတာပါ
သူက Levi မြို့ထဲကန နည်းနည်းထပ်မောင်းရပါတယ် တောထဲမှာ ဆောက်ထားတဲ့ Luxury အိမ်ကလေးပေါ့ သစ်သားကို Modern ဖြစ်အောင် ဆောက်လုပ်ထားပြီး ပေးထားတဲ့ Facilities တွေက အရမ်းပြည့်စုံပါတယ် အခန်းထဲမှာ Living Room အသေးလေးက အစ ပါတယ် Wifi လည်း ပေးထားတယ် သူလည်း Half-Board Meal ပါတဲ့ အတွက် ညစာနဲ့ မနက်စာ ကို ကျွေးပါတယ် အစားအသောက်တော်တော်လေးစားကောင်းတယ်
Reindear လေးတွေကို အစာကျွေးလို့ရတယ် ပြီးတော့ Activity အနေနဲ့ Snowshoeing လုပ်လို့ရအောင် Villa တိုင်းမှာ တစ်စုံဆီ ထည့်ပေးထားတယ်
သူတို့မှာ Ice နဲ့လုပ်ထားတဲ့ Wedding ခန်းမ လေးလည်းရှိတယ် Wedding လာလုပ်ပြီး Honeymoon တစ်ခါတည်း ထွက်လိုက်သလို လုပ်လို့ရပါတယ် ၊ Service ကလည်း တကယ်ကို ဖော်ရွေတာကို ခံစားရပါတယ် များသော အားဖြင့် Finnish လူမျိုးတွေက ရုပ်တည်ကြီးနဲ့ နေတတ်ကြပေမဲ့ ဒီ ဟော်တယ်က လူတွေက စတွေ့ ကတည်းက ပြုံးပြီးနှုတ်ဆက်တာကို ခံရတယ်
ဘေးနှစ်ဖက်ရယ် အပေါ်ရယ်က မှန်လေးတွေနဲ့ ဆောက်လုပ်ထားတဲ့ အတွက် တကယ်ကို မှန်အိမ်လေးအတိုင်းပါပဲ
minus 10 Degree မှာ ရေနွေးပူပူလေးကို စိမ်နေရတဲ့ အနွေးက ဘာနဲ့မှ မလဲနိုင်ဘူး
အိယူခဲ့တဲ့ အခန်းလေးက ဘေးမှာ တခြား Glass House တွေမရှိတော့တဲ့အတွက် သစ်ပင်တွေပဲ မြင်ချင်ခဲ့လို့ ဒီအခန်းလေးကို မသွားခင်ကတည်းက ရွေးခဲ့တာပါ
Northern Lights Ranch | We stayed one night at Glass House (6)
Golden Crown Levin Iglut
အိနောက်ဆုံး နှစ်ည အိပ်ဖြစ်ခဲ့တဲ့ Igloo လေးပါ ဒီ Hotel လေးကလည်း Levi မြို့မှာ ရှိပြီး Northern Lights Ranch နဲ့လည်း သိပ်မဝေးပါဘူး
ဒီဟော်တယ်လေးရဲ့ ထူးခြားတာလေးက သူက တောင်ပေါ်မှာ ရှိတဲ့ ဟော်တယ်လေးပါ ၊ Igloo လေးတွေက တောင်စောင်းမှာ ဆောက်ထားတဲ့ အတွက် လေလည်း အရမ်းတိုက်သလို View လည်း အရမ်းအရမ်းကို လှပါတယ်
Premium Igloo ကို Book မယ်ဆိုရင် ရှေ့ဆုံး အတန်းမှာရတဲ့ အတွက် ကိုယ့်အရှေ့မှာ တခြား Igloo တွေ ပိတ်မနေတော့ဘူးပေါ့
Igloo ပေမဲ့ ရေချိုးခန်း အိမ်သာ မီးဖိုချောင်ပါပါတဲ့ အတွက်တော်တောလေးကို Igloo နဲ့မလိုက်အောင် ပြည့်စုံတယ်လို့ပြောလို့ရတာပေါ့နော်
Panoramic view ကို အပေါ်ကနေ စီးပြီး မြင်နေရတာ အရမ်းလှတဲ့ နှင်းသစ်တော မြစ်နဲ့ ကောင်းကင်ကြီး ပေါ့
Breakfast ပဲပါတယ် သူတို့ စားသောက်ဆိုင်က နာမည်ကြီးတယ် Booking တောင် တင်လို့ မရဘူး လို့ ပြောကြတဲ့ အတွက် အိ Dinner ကို Booking ယူပြီး စားဖြစ်ခဲ့တာ တစက်မှ စားလို့ မကောင်းပါဘူး ၊ Finland လူမျိုးတွေ ကတော့ အရမ်းကြိုက်ကြလား မသိဘူး တစ်ဆိုင်လုံးကို ပြည့်နေတာပဲ
ဒီဟော်တယ်လေးက မိသားစုတွေ ၊ panoramic view အရမ်းကြိုက်တဲ့ သူတွေ ၊ infinity view ကို ကြိုက်တဲ့ သူတွေအတွက်နဲ့ Northern Lights ကို တောင်ပေါ်ကကြည့်ပြီး အနီးဆုံး မြင်ချင်တဲ့ သူတွေအတွက်တော့ အရွေးသင့်ဆုံးဖြစ်ပါတယ်
ဘယ်တော့မှ မေ့မရနိုင်တဲ့ အလင်းရောင်တွေနဲ့ ပြည့်နက်နေတဲ့ ညလေး တစ်ညပေါ့
Golden Crown Levin Iglut Hotel | We stayed 2 Nights at Premium Igloo (4)
Leave a Reply