Hermes လို့ပြောလိုက်ရင် Birkin, Kelly ဆိုတာကို လူတိုင်းသိကြတယ် ၊ ဒါမဲ့ Hermes ရဲ့ Leather Craftsmanship ၊ Quality နဲ့ Color ကို နှစ်သက်ကြတဲ့ သူတွေ အတွက် အိတ် Collection ထဲမှာ ဒီဇိုင်းလှတာတွေ အများကြီးကျန်သေးတယ်ဆိုတာ မမေ့နဲ့နော်
အိရဲ့ New Baby Roulis လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၊ Roulis မှာ Size 18 (or) 23 cm နှစ်မျိုးလာပါတယ် ၊ Normal Leather မှာဆိုရင် Evercolor, Sombrero, Swift နဲ့ လာတယ် ၊ ဒီ အိတ်လေးက Profile ဖြည့်စရာ မလိုတဲ့ အိတ်လေးဆိုပေမဲ့ အခုနောက်ပိုင်း Demand များလာတဲ့ အတွက် ကိုယ်ကြိုက်တဲ့ ကာလာကိုရဖို့ အချိန် အကြာကြီးစောင့်ရပါတယ်
Roulis 18 နဲ့ Constance 18 က ဆိုဒ်တူတယ် အတွင်း Compartment ဒီဇိုင်းလည်းတူတယ် ဒါမဲ့ တစ်ခု ကွာသွားတာက နောက်ကျောဖက်မှာ Roulis က Compartment လေးတစ်ခု အပိုပါတော့ ဖုန်းထည့်ဖို့အတွက် အရမ်းအဆင်ပြေသွားတယ် ၊ နောက်ပြီး Roulis က ကြိုး ပိုတိုတော့ အရပ်ပုတဲ့ အိတို့အတွက် ခါးနားလေးမှာ အနေတော်ပဲ ၊ Crossbody လွယ်မယ်ဆိုရင်တော့ အရပ်ရှည်တဲ့ သူတွေအတွက် ကြိုးလေးနည်းနည်းတိုမယ်
What About Design?
Roulis ရဲ့ Design လေးဟာ very Classy, Luxury, Minimal and low profile ၊ ရိုးရှင်းပြီးတော့ Hermes ရဲ့ Popular ဖြစ်တဲ့ Chain Design “Chaine d’Ancre” ကို သုံးထားတယ် ၊ Casual, Office Wear နဲ့ Travel အတွက်အဆင်ပြေမဲ့ အိတ်ကလေးပါ ၊ Logo Statement တစ်ခုမပါတဲ့ အတွက် တချို့က Constance လောက် သိပ်မကြိုက်ကြဘူး ၊ Roulis ကို ကြိုက်တဲ့သူ တော်တော်များများက Roulis may not be their first Hermes bag.
Hermes Roulis 18 | Evercolor | Gold GHW
Leave a Reply