ဒီခရီးလေးက အစီစဉ်မရှိပဲ သွားရတဲ့ ခရီးလေးဖြစ်ပေမဲ့ သေချာ Plan လေးတွေတော့လုပ်ခဲ့ပါတယ်
Trip အကြောင်းလေးတွေ ပြန်ပြောရတာ ဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်တာကလည်း တကြောင်း အိ Trip သွားတိုင်းလည်း ပုံလှလှလေးတွေ ရိုက်ဖြစ်တော့ တော်တော်များများက လာမေးကြတယ် ဘယ်လို စီစဉ်လဲပေါ့
Review ရယ်လို့မဟုတ်ပဲ အိရဲ့ Travel Planning & Memory လေးအနေနဲ့သာ ဖတ်ပေးစေချင်လိုပါတယ်
Flight
ရန်ကုန်ကနေဆိုရင်တော့ ဘယ် Airline နဲ့အဆင်ပြေလဲ မသိဘူး အိက စလုံးကနေသွားတာဆိုတော့ Cathay Pacific နဲ့သွားဖြစ်ပါတယ် Hong Kong မှာ Transit လုပ်ရတယ် ပြီးတော့ Seoul to Jeju ကတေ့ T’way နဲ့ပါ
Car
Jeju ကို သွားမယ်ဆိုရင် ကားငှားဖို့လိုကို လိုပါတယ် ၊ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ကားမမောင်းရင် ခရီးသွင်မှာမဟုတ်သလို အိသွားခဲ့တဲ့ တချို့နေရာတွေကိုလည်း ရောက်ချင်မှ ရောက်လိမ့်မယ် ၊ ကားငှားရင် သတိထားရမဲ့ အချက်တစ်ခုရှိပါတယ် Website တွေထဲမှာ Booking ကိုလုပ်သွားပါ လုံးဝလုံးဝမမေ့ပါနဲ့ အိဒီတစ်ချက် အရမ်းပေါ့သွားတယ် ဟိုရောက်မှပဲ ငှားလိုက်ပါမယ် ကားတွေ ပေါပါတယ်ဆိုပြီး လုပ်လိုက်တာ Jeju Airport မှာ ကားငှားတဲ့ ကောင်တာတွေလည်းရောက်ကော All Sold Out တဲ့ ၊ သူတို့မှာ English စကားလည်းနားမလည် ပြန်လည်း မပြောတတ်ဆိုတော့ ဘာလုပ်လို့လုပ်ရမလဲ မသိ ကိုယ် Plan ထားတဲ့ နေရာတွေက ကားနဲ့ပဲသွားမှရမဲ့ဟာတွေ ဆိုတော့ သေတာပေါ့ အဲဒါနဲ့ မရလို့ကလည်းမရ မတောက်တခေါက် English လိုပြောတတ်တဲ့ Taxi သမားကို မေးကြည့် Website ထဲမှာရှာ နဲ့ နောက်ဆုံး Review လုံးဝမရှိတဲ့ ကားငှားတဲ့ ဆိုင်မှာ ရတယ်ဆိုလို့ ရောက်ရောက်ခြင်းညပဲ ရသွားပါတယ် Jeju ရဲ့ GPS က သူတို့ဖုန်းနံပါတ်လေးတွေနဲ့ရှာရတာပါ
Hotel
ဒီတစ်ခေါက်က Sightseeing တွေကို သွားရမှာများတဲ့ အတွက်ကြောင့် Resort လိုနေရာမျိုးမှာတော့ မနေခဲ့ပါဘူး
- Regent Marine, the Blue Hotel (Jeju)
- Hotel Skypark (Myeongdong-Seoul)
- Airbnb (Gangnam-Seoul)
Airbnb မှာ ပထမဆုံးနေခြင်းဖြစ်တဲ့ အတွက် အခန်းက သန့်ပါ့မလား သရဲခြောက်ရင်ကော ဘယ်လိုလုပ်မလဲ စတဲ့ အတွေးတွေ များစွာနဲ့ပေါ့ တကယ်ပါ Korea ရဲ့ Seoul ကို သွားဖြစ်မယ်ဆိုရင် Airbnb မှာပဲနေပါ အခန်းလေးတွေ အရမ်းသန့်ပြီး ချစ်စရာကောင်းတယ် တကယ့်ကို Korea ကားတွေထဲကလို အိမ်မျိုးလေးတွေပါ
South Korea
Korea ဆိုရင် မိန်းခလေးတိုင်း သွားချင်ကြတာ မမှားပါဘူး အထူးသဖြင့် Kpop ကြိုက်တဲ့ သူတွေ Drama ကြိုက် အတွက်ဆို ပိုမှန်လိမ့်မယ်ထင်တယ် အမှန်တော့ Korea ဆိုတာ Singapore တို့ Hong Kong တို့လိုပါပဲ အားလုံးခြုံပြီး ကြည့်ရမယ်ဆိုရင် သန့်ရှင်းတယ် Winter ရောက်တော့မယ်ဆိုတော့ ရာသီဥတုလေးကနေလို့ကောင်းတယ် လူတွေက ယှဉ်ကျေးတယ် တစ်ခုမေးလိုက်လို့ သူတို့ နားမလည်ရင်တောင်မှ ကြိုးစားပြီး ဖြေရှာတယ် ၊ စားသောက်ဆိုင်တွေမှာဆိုရင်လည်း Waiters Waitress တွေ အစ အလုပ်ကြိုးစားတာတွေ့ရပြီး ဘယ်လောက်ပင်ပန်းနေပါစေ ဆူပုတ်ပြီး စောင့်ကြီး အောက်ကြီး လုပ်ပေးတာတွေ မရှိဘူး အပြုံးချိုချို Korea အသံလေးတွေက သိပ်နားထောင်လို့ကောင်းတယ် ၊ ရေက စားသောက်ဆိုင်တိုင်းမှာ အလကားရတယ် Side Dish လေးတွေ အမြဲချပေးတယ် Korea ဆိုတဲ့ ထုံးစံနဲ့ အညီပေါ့
Jeju
Jeju ဆိုတာ ဘာလဲဆိုရင် စိတ်ဝင်စားကြမှာ အမှန်ပဲလေ နာမည်ကြီးတာကို အိရဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် Jeju ဆိုတာ သိပ်လှပတဲ့ မြို့ငယ်လေး ကျွန်းလေးတစ်ခုဖြစ်ပြီး အဲဒီမြို့လေးထဲမှာ ခံစားမှုပေါင်းများစွာပေးနိုင်တယ် ၊ ဆိုလိုချင်တာက ရေတံခွန် – Beach – Hilltop – Cave – တောင်တန်းတွေ – ကျောက်ဆောင်တွေ – ကစားကွင်းတွေ – Theme Park တွေ – Museum အားလုံး ကိုယ်ဘယ်သွားချင်လည်းသာ ရွေးပြီး တစ်မြို့ထဲမှာ သွားလို့ရတယ် အဲဒါလေးကြောင့် Jeju က နာမည်ကြီးတယ်လို့ ခံစားမိတယ် ၊ Seafood ဆိုင်တွေက စျေးအရမ်းမြှောက်တယ် ၊ နောက်တစ်ခုနာမည်ကြီးတာက Black Pork တဲ့ BBQ Black Pork ကိုစားခဲ့တယ် အဲဒါက ဘာလဲဆိုတော့ လူတွေ ပြောပြောနေကြတဲ့ Korea အကင်ပေါ့ ဒါမဲ့ ကွာတာက ဘာလဲဆိုတော့ အရမ်း Juicy ဖြစ်တယ် အသားလေးက ဝါးလိုက်တာနဲ့ အရွက်တွေနဲ့ပေါင်းပြီး စားလို့ကောင်းတယ် ၊ မီးပွိုင့်နဲ့ Slow Down တွေများတယ် Signboard တွေမှာ ဖုန်းနံပါတ်လေးတွေပါရေးထားတယ် GPS ရှာရတာလွယ်အောင်လို့ထင်တယ် ၊ နောက်တစ်ခုထူးခြားတာက စည်းကမ်းအရမ်းရှိကြတယ် ဥပမာ – Beach ထဲက သဲတွေနဲ့ ခြေတောက်မှာ ပေးလာပြီး Toilet သွားမယ်ဆိုရင် Toilet ထဲမဝင်ခင် ခြေတောက်ကို ရေဆေးဖို့ ရေကန်လေးလုပ်ထားပေးတယ် ၊ တောင်ပေါ်တက်ရမယ်ဆိုရင် ခြေညှပ်ဖိနပ်နဲ့ ပေးမတက်ဘူး စတာတွေပေါ့ သူတို့ရဲ့ Culture လေးတွေတွေ့ရတယ်
Seoul
Seoul ဆိုတာကထွေထွေထူးထူးပြောစရာမလိုပါဘူး သူကတော့ South Korea ရဲ့ မြို့တော်ပါ သူတို့လူမျိုးတွေက အစ Kpop တွေ တော်တော်အားပေးတယ်ထင်ပါတယ် လမ်းမှာကြည့်လိုက်ရင် မင်းသားမင်းသမီး အဆိုတော်ပုံတွေ ရောင်းနေတာ အများကြီးပဲ အိကတော့ Kpop ကြိုက်တဲ့ သူမဟုတ်တဲ့ မတွက် သိပ်မသိဘူး ၊ Seoul မှာနှစ်နေရာနေခဲ့ တယ် Myeongdong နဲ့ Gangnam
Myeongdong
အဲမှာကတော့ ကြားဖူးတဲ့ သူတွေဆိုသိမယ်ထင်တယ် Shopping District ကြီးပေါ့ Cosmetic ဆိုင်တွေမှ တန်းစီးပြီး Brand တစ်ခုကို ဆိုင်ပေါင်း ၁၀ ဆိုင်လောက် ၃-၄-၅ တိုက်ခြားတစ်ခါတွေ့နေရပါတယ် အဲမှာ ညစျေးတန်းလည်းရှိတယ် မုန့်တွေ ရောင်းတယ် ပစ္စည်း ကွိစိ ကွစတွေရောပဲ အကျႌဆိုင်တွေလည်းရှိတယ် အထူးသဖြင့် ၁၅ – ၃၀ နှစ်ခြား လာကြတယ် Foreigner တွေများတယ် သွားသင့်တဲ့ နေရာတစ်ခုပါပဲ
Gangnam
အဲမှက Airbnb အိမ်လေးလှလို့ နေဖြစ်သွားတာပါ ပြီးတော့ သူလည်း နာမည်ကြီးတယ်လေ Oppa Gangnam Style က အဲမှာစတာဖြစ်မယ် ဟီဟီး သူက လမ်းမကြီးလေးခွဆိုင်ပေါ့ အဲလမ်းတောက်လျှောက်မှာ Shopping ဆိုင်လေးတွေရှိတယ် Myeongdong နဲ့ ယှဉ်ရင်တော့ ဆိုင်အသေးလေးနဲ့ အကြီး ဒါပဲကွာပါတယ် စလုံးက Orchard နဲ့တူတယ် ဒါမဲ့ Shop House Building တွေများတယ် လမ်းမကြီးကနေ လမ်းသွယ်လေးတွေထဲသွားရင် စားသောက်ဆိုင်တို့ ဘားတို့ရှိတယ် အဲမှာက Local တွေများသလောက် အလန်းဆော်လေးတွေ ဘဲလေးတွေများတယ် Night အထိစည်တယ် Gangnam ကြက်ကြော် စားခဲ့ပါ နာမည်ကြီးတယ် Beer လေးနဲ့ အရမ်းကောင်း အဲလမ်းသွယ်လေးတွေထဲမှာရှိတယ်
Seoul မြို့က Shopping ကလွဲရင် Sightseeing ဆိုလို့ Palace ရောက်ခဲ့တယ် ပြီးရင် ကားနဲ့ အသွား တစ်နာရီခွဲ အပြန် ၁ နာရီခွဲစီးရတဲ့ Nami Island လေးကို ရောက်ခဲ့တယ် Nature နဲ့ အပင်တွေကို ကြိုက်တဲ့ သူဆိုရင်တော့ အဲ island လေးက သာယာပါတယ် မြစ်နှစ်ခုကြားမှာ သေးသေးလေးဖြစ်နေတဲ့ island လေးပေါ့
နောက်တစ်ခုက Seoul မှာ အမှိုက်ဗုံး အရမ်းရှားတယ် ဘာလို့ မထားပေးလည်းမသိဘူး ၊ Shopping High-End Brand တွေလိုချင်တယ်ဆိုရင်တော့ Shinsegae Department Store မှတော်တော်စုံ ပါတယ် ပြီးရင် နောက်တစ်နေရာရှိသေးတယ် Galleria West နဲ့ East ၊ သတိထားမိတာတစ်ခုက လူငယ်တွေကြားမှာ Branded Bag တွေ ရေပန်းမစားဘူး ပုံမှန်အိတ်လေးတွေပဲ ကိုင်ကြပြီး ပိုက်ဆံကို Surgery လုပ်ဖို့ပဲ စုကြတယ်နဲ့တူပါတယ် သူတို့ နှာခေါင်းတွေ ကြည့်လိုက်ရင် ပုံစံတူလေးတွေကြီးပဲ ယောက်ျားလေးတွေဆိုပိုဆိုးတယ် ရုပ်တွေဆင်သလားမပြောနဲ့ ၊ မျက်နှာဖုံးတွေ တပ်ထားကြတယ် Surgery ကြောင့်ကော အသားအရေ ဂရုစိုက်တာကြောင့်ရောဖြစ်မယ် ၊ အဝတ်အစားဝတ်တာ ယှဉ်ကျေးတယ် အရမ်းပေါ်ပြီး ကျက်ထုတ်နေတာတွေ ဝတ်တာ မရှိဘူး
Seoul ဆိုတာကို နောက်ဆုံး ခြုံပြောရမယ်ဆိုရင် Singapore လောက် Shopping ထွက်လို့မကောင်းပါ ၊ Cosmetics ပဲဝယ်လို့ကောင်းတာ ဒါတောင် သူတို့ Local Brand ပဲကောင်းတာ ပြီးရင် သူတို့ရဲ့ ရှုပ်ရှုတ်ခက်နေသော Subway Line တွေ ကာလာကိုစုံနေတာပဲ လမ်းလျှောက်ရတာ စလုံးထက် ၃ ဆလောက်ဆိုးတယ် Direction ပြထားတာ မရှင်းဘူး လည်နေတာလေးတွေရှိတယ်
Memory
ခွေးပြေးဝက်ပြေးပြေးရပါတယ် ဘာလို့လဲဆိုတော့ Luggage ထဲ Powerbank ကြီးပါသွားတာ Jeju အသွားကော အပြန်ကောနှစ်ခါစလုံးမှာ Airport Custom နဲ့ Gate အဝေးကြီးကို ပြေးရပါတယ် ၊ Friday Night ကလပ်အသွားကောင်း မူးပြီးပြန်တော့ ဘယ်သူမှ မစီးတဲ့ ကား အမဲရောင်ကြီးကို Taxi မှတ်ပြီး အစီးကောင်းလိုက်တာ Limousine ကြီးဖြစ်နေတော့ နောက်နေ့ Airport သွားဖို့ Cash မကျန်တော့လို့ Luggage နှစ်လုံးကိုမ ရထားစီးပြီး Airport ဒိုးလိုက်ရတယ်ကွယ်
Booking.com (15 USD reward) — https://www.booking.com/s/34_6/ei0ei106
AirbNB (45 SGD Off) — https://www.airbnb.com.sg/c/eieik6?currency=SGD
ปั๊มไลค์ says
Like!! I blog quite often and I genuinely thank you for your information. The article has truly peaked my interest.