Are you planning for holidays in Cappadocia? I hope I can help your trip even more memorable. These are my favourite things to do in Cappdocia. If you are ready to list down, let’s get started.
Galerie Ikman (ကော်ဇော ဆိုင်လေး)
Generation (၄) ခု စပ်အောင်မြင်ခဲ့ပြီး ဆိုင်ထဲမှာ ကောဇောပေါင်း အခုရေ ၁၀၀၀၀ ကျော်ပါတယ် စျေးနှုန်းတွေကတော့ အနည်းဆုံး Euro 50 ကစပြီး Euro 8000 ကျော် အထိရှိပါတယ် ကောဇော တစ်ခုစီတိုင်းဟာ Handmade ပြုလုပ်ထားတာဖြစ်ပြီး တစ်ခုနဲတစ်ခု ဒီဇိုင်းကော ချုပ်ရိုး သွင်းပုံတို့ မတူကြဘူး ၊
ဆိုင်ထဲမှာ ပုံရိုက်ချင်ရင် ရိုက်ခွင့်တောင်းပါ ၊ သူတို့လည်း စီးပွားရေးလုပ်နေတာလေ ပုံရိုက်ဖို့တစ်ခုတည်းမှ မဟုတ်တာ အဲတော့ ရိုက်ခွင့်ပေးခဲ့ရင် ဆိုင်လေးကို Respect ပေးတဲ့ အနေနဲ့ ကောဇောလေးတွေ ဝယ်လာဖို့ မမေ့နဲ့နော်
Goreme Sunset Point (Goreme မြို့လေးနဲ့ Sunset)
Goreme မြို့လေးဟာ အိပြောခဲ့သလိုပဲ တောင်ကြားထဲမှာ ရှိတဲ့ မြို့လေးဖြစ်တဲ့အတွက် တောင်ပေါ် Sunset Point လေးကနေကြည့်ရင် Goreme မြို့တစ်ခုလုံးကို မြင်ရပြီး နေဝင်ရောင်ခြည်တွေ ဖျာထွက်နေတာ ညနေစောင်းအတွက် Perfect ဖြစ်တဲ့နေရာလေးပါ
Enjoy your first night dinner with Turkey Dance (Turkey တို့ရဲ့ ပျော်ပွဲရွှင်ပွဲည)
Turkish လူမျိုးတွေဟာ အရမ်းပျော်တတ်ကြပါတယ် ကကြခုန်ကြ ဖျော်ဖြေရးပွဲတွေနဲ့ အရင်ခေတ်က ညတိုင်းရှိခဲ့တယ်တဲ့ ညဖက် Dinner စားနေတဲ့ အချိန်မှာ စားရင်းနဲ့ ကြည့်ပေါ့ ၊ ကြည့်နေရင်းနဲ့ အားလုံး ပျော်လာကြတယ် လူတိုင်းကို ခေါ်ပြီး သူတို့နဲ့ တူတူ ဝင်ကခိုင်းတယ်
Turkish လူမျိုးတွေရဲ့ ရိုးရာ ဓလေ့ Experience ပေါ့နော်
သူကတော့ ကောဇော ဆိုင်လေးရဲ့ Owner ပါ အိတို့ သူ့ဆိုင်လေးကို ညနေလောက်ကသွားတော့ စကားတွေ ပြောကြ ပုံတွေ ရိုက်ကျနဲ့ ဘယ်ကနေဘယ်လို အိတို့ကို အရမ်းခင်သွားလည်း မသိ ညနေ Dinner ကို သူကိုယ်တိုင်လိုက်ပို့ လိုက်ပြီး ဧည့်ခံတာပါ
Horse Ride (တောင်ကြားတွေကြား မြင်းလေးစီးမယ်)
Cappadocia မှာရှိတဲ့ ကျောက်တုံး ကျောက်ဆောင်တွေဟာ လကမ္ဘာကိုရောက်သွားသလိုပဲ မညီညာတဲ့ပဲ ပုံစံမတူတဲ့ သဏာန်တွေကြောင့် သူရဲ့ မြို့လေးကို Unique ဖြစ်စေတယ် ၊ Activities တစ်ခုဖြစ်တဲ့ Horse Riding ကို လာတဲ့ Tourist တိုင်း ကြိုက်နှစ်သက်ကြတယ် ၊ တောင်းကြားတွေကြား မြင်းလေးစီးရင်းနဲ့ သဘာ၀ရဲ့ အလှတွေကို ခံစားနိုင်စေတယ်
But I don’t really enjoy that much because It was 2 hour ride under afternoon sun. So, if your turn, please choose sunset tour. I believe it will be much better.
Visit to Deepest Underground City | Derinkuyu (မြေအောက်မြို့တော်မှာ လူတွေ ဘယ်လိုနေခဲ့လဲ)
- Underground City ကို သွားလည်မယ်ဆိုရင်တော့ Tour နဲ့ သွားတာ အကောင်းဆုံးပဲလို့ အိမှာချင်ပါတယ်
- သူတို့ ရှင်းပြမှ နားလည်မှာပါ ၊ အိတို့က ဒီတိုင်းသွားတာ ဒါမဲ့ ကံကောင်းချင်တော့ Entrance မှာ Uncle တစ်ယောက်နဲ့ တွေ့ပြီး လိုက်ရှင်းပြပေးတယ်
- အိသိခဲ့သလောက်ပြောပြရမယ်နော် Underground City မှာ လွန်ခဲ့တဲ့ 1960 လောက် အထိ လူတွေ နေခဲ့ကြသေးတယ်တဲ့ ၊မြေအောက်မှာ လူတွေနေဖို့ အခန်း ၊ Animals တွေ အတွက် အစာကြွေးခန်း ၊ Wine ချက်လုပ်တဲ့ အခန်း ၊ မီဖိုချောင် ၊ ကလေးတွေ အတွက် အခန်း၊ Church တွေ ၊ တစ်ခန်းနဲ့ တစ်ခန်းလူတွေ ဆက်သွယ်ကြတဲ့ အသံ လိုင်ခေါင်းတွေ၊ ရေတွင်း ၊ မီးခိုးခေါင်းတိုင် ၊ အစီးအဝေးခန်းမ ၊အများကြီးပဲ ဒီလို မြေအောက်ကျဉ်းကျဉ်းလေးမှာ ဘယ်လိုတွေနေခဲ့ကြလည်းဆိုတာ တကယ်ကို အံသြဖို့ကောင်းပါတယ်
Avanos Pottery Village (အိုးလုပ်တဲ့ မြို့လေးကို သွားလည်မယ်)
Avanos မြို့လေးက Goreme သို့ Uchisar ကနေပြီး ကားနည်းနည်လေး မောင်းရင် သွားလည်လို့ ရတဲ့ မြို့လေးပါ မြန်မာ ဓလေ့နဲ့ ပြောရမယ်ဆိုရင်တော့ အိုးဘုတ် ကျိုးရုပ်လှလှလေးတွေ လုပ်တဲ့ မြို့ လေးပေါ့ တစ်မြို့လုံး အိုးလေးတွေ လုပ်ရောင်းကြတာတွေ့ရတယ် ချစ်စရာလေးတွေ အဲဒါ ဒီလိုပုံ ရိုက်ချင်လို့ တကူးတက သွားလည်လာခဲ့တာ
Running Around Uchisar Castles (Castles တွေကြားထဲလျှောက်ကြည့်ကြမယ်)
ပုံစံမတူတဲ့ ကျောက်တုံးလေးတွေက အကောင်ပုံလေးတွေ ဖြစ်နေတာတွေ ၊ ပြီးတော့ Castle ပျက်ကြီးတွေ ကို တွေ့နိုင်ပါတယ်
Love Valley (ချစ်ချင်းတွေရှိမဲ့ နေရာလေးပေါ့)
ဘာလို့ Love Valley လို့ ပြောတာလည်းတော့ မသိ မြင်ခဲ့ရတာကတော့ ဘာကြီးမှန်းမသိတဲ့ အချောင်းလေးတွေထိုးထိုးထောင်ထောင်နဲ့ ပေါ့နော်
The View from Uchisar (တောင်တန်းတွေကို အပေါ်စီးကကြည့်မယ်)
Uchisar မြို့နယ်လေးက တောင်ပေါ်မှာရှိတဲ့ အတွက် အရမ်းလှတဲ့ မျက်စိ အဆုံး Rock Formation တောင်တန်းတွေကို အထက်စီးကနေကြည့်ခွင့်ရတဲ့ နေရာလေးပေါ့ ၊ အဲမှာ အရမ်းလှတဲ့ Hotel လေးတွေလည်းရှိတယ်
Try Camel Ride at Pasabag Valley (ကုလားအုပ်စီးဖူးကြလား)
Activity တစ်ခု အနေနဲ့ Camel Ride လေးကို Try လို့ရပါတယ် ၊ အိကတော့ ခဏပဲ စီးချင်တာမို့ Pasabay Valley ကြားလေးပဲ ပါတ်လိုက်တယ် ၊ တချို့က Sunset View ကို Camel Ride လေးနဲ့ သွားကြည့်ကြတယ် ၊ ဆင်းခါနီးသတိထားနော် သူတို့ ဖင်ကြီးထောင်လိုက်တော့ လူက ပြုတ်ကျမလို ဖြစ်သွားတတ်ပါတယ်
Enjoy Beautiful Sunset at Red Valley
(အရမ်းလှပတဲ့ Sunset ရဲ့ အဓိပ္ပါယ်ကို Red Valley မှာကြည့်ကြရအောင်)
နေလုံးကြီးဟာ နေမဝင်ခင်မှာ အဝါရောင်ကနေ လိမ္မော်ရောင် ပြီးတော့ ပန်းရောင် ၊ နေဝင် အရောင်လေးတွေဟာ Cappadocia ရဲ့ တောင်တန်းတွေကို ထိမိလိုက်ပြီး ဖျာထွက်လာတဲ့ Moment လေးဟာ လှတယ်ဆိုတာထက်ပိုပါတယ်
Sultan Carpet Shop (ရိုးရာ ဝတ်စုံလေးတွေနဲ့ ပုံလေးတွေ ရိုက်မယ်)
နိုင်ငံတစ်နိုင်ငံရောက်ရင် လျှောက်လည် လျှောက်ကြည့်နေရုံနဲ့ မပြီးဘူးလေ သူတို့ရဲ့ရိုးရာလေးကိုလည်း လေ့လာတတ်ရတယ်တဲ့
Hot Air Balloons Ride (အားလုံးရင်ခုန်နေတဲ့ မီးပုံပျံ)
အရမ်းစိတ်ဝင်စားကြတဲ့ မီးပုံးပျံကြီးပေါ့ မီးပုံးပျံဟာ နေ့တိုင်းမရှိပါဘူး ရာသီဥတုကြောင့် အမြဲ Operation မရှိပါဘူး
Cappadocia သွားတာနဲ့ မီးပုံပျံလုံးဝတွေ့ရမယ် စီးရမယ်လို့ မမျှော်မှန်းပါနဲ့ ဘာလိုလဲဆိုရင် ဒီနေ့မနက်ပျံမယ်လုပ်ပြီးမှ ပျံချင်မှလည်းပျံတာပါ အဲဒါကြောင့် ကိုယ်မှန်းထားတဲ့ အချိန်ထက် Cappadocia မှာ ပိုနေပါ တစ်ရက်တည်းနေပြီး တွေ့ရမယ်လို့ ဘယ်တော့မှ မထင်လိုက်ပါနဲ့ မှားသွားပါမယ်
စီးရတာတော့ ပုံမှန်ပါပဲ ဒါမဲ့ ကိုယ့် Pilot ရဲ့ ကျွမ်းကျဉ်မှု အရ တောင်ကြားတွေကြား ဘယ်လို ဖြတ်ပျံပြသလဲ ဆိုတာ ပဲ ရင်ခုန်စရာလို့ ထင်မိပါတယ် အောက်ကနေ ကြည့်ရတဲ့ Feeling လေးကို အိကစီးတာထက်ဆိုင်ရင် ပို သဘောကျမိတယ် ၊၊အိစီးဖြစ်ခဲ့တဲ့ Hot Air Balloon ကတော့ Butterfly Balloon ကပါ
မနက် ၄နာရီဆိုရင်ဟော်တယ်ထိလာခေါ်ပြီး သူတို့ Breakfast စားတဲ့ နေရာကို ခေါ်သွားပါတယ် အဲကနေမှ ကိုယ့် Pilot နာမည်လေးတွေ ပေးပြီး မနက်စာစား၊ စားပြီးတာနဲ့ နောက်ကားတစ်စီးနဲ့ ဘောလုံးတွေစတင်ထွက်မဲ့နေရာကို ခေါ်သွားပါတယ်၊ ဘောလုံးတွေက ထွက်တဲ့ နေရာတောင် တစ်နေ့နဲ့ တစ်နေ့ မတူဘူးတဲ့ လေလာရာ လမ်းကြောင်းအတိုင်းမောင်းရတာလို့ သူတို့ပြောပြပါတယ် ဘောလုံးစီးပြီးရင် Champange လေးနဲ့ Celebrate လုပ်တယ် ပြီးရင် Certificate နဲ့ Metal အပြားလေးပေးပါတယ်
Open Air Museum (Cave ထဲက ခန်းနားလှတဲ့ Church တွေ အကြောင်း)
အမှန်အတိုင်းပြောရရင် အိတို့ရဲ့ ပုဂံကို အရမ်းနှမျောမိတယ်
ဒီ Museum လေးကို လာလည်တော့ ကြုံတွေ့ခဲ့ရတာလေးပြောပြမယ်နော် အဲထဲမှာ နှစ်ပေါင်း ထောင်နဲ့ချီက ကျန်ခဲ့တဲ့ Cave Church ကြီးတွေ ပေါ့ အနုပညာလက်ရာတွေက အခုချိန်ထိမပျက်စီးပဲ ထိန်းသိမ်းထားချက်က အရမ်းကို လေးစားစရာကောင်းလှပါတယ် အထဲမှာ ပုံပေးမရိုက်ဘူး လူတစ်ယောက်ကအမြဲစောင့်ကြည့်နေတယ် ၊ နံရံတွေကို ပေးမထိပေးမကိုင်ဘူး ထိမိတာနဲ့ Don’t Touch ဆိုပြီး အော်တယ် ပုံရိုက်တာနဲ့ Don’t Allow to take Photo တဲ့ အဲဒါ ကိုယ်တွေ တစ်ယောက်တည်းကို ပြောနေတာမဟုတ်ဘူးနော် လာတဲ့ Tourist မှန်တမျှကို ဒိုင်ခံပြောပြီး သူတို့ရဲ့ အမွေ အနှစ်တွေ ပျောက်ပျယ်သွားမှာဆိုးလို့ စောင့်ကြည့်နေတာ ၊ အိတို့ ပုဂံက ဘုရားတွေ ပဲ့နေတာလူတွေ နင်းတာများလို့ အုပ်တွေ ပြိုကျနေတာတွေကို ယှဉ်ကြည့်ပြီး ကိုယ့်မြန်မာရဲ့ အမြွေ အနှစ်တွေကို လည်း သူတို့လို လုပ်အားလေးတွေနဲ့ ထိန်းသိမ်းနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်
Cappadocia Pottery Kebab (အရမ်းအရမ်းစားကောင်းလွန်းလို့ စားဖို့ မမေ့နဲ့နော်)
Pottery Kebab က Turkey နာမည်ကြီး အစာစားတခုပါ အိုးထဲမှာ ကြက်သား သို့ အမဲသား သို့ ဆိတ်သား ကိုခရမ်းချဉ်သီးအနှစ်နဲ့ ချက်ထားပြီး အရသာရှိတဲ့ သူတို့ ရိုးရာ ဟင်းလေးပေါ့ ၊ အိတော့ ကြိုက်လို့ နေ့တိုင်းစားခဲ့တယ်
MoeMyat Thu (Judy) says
This is great Ei Kyaw! I am going to be using your blog to plan my own vacation. Thanks for sharing. Proud of you for making this website.
eiei says
Hi Judy
Thank you so much for your support. Miss you with love.
ปั๊มไลค์ says
Like!! I blog quite often and I genuinely thank you for your information. The article has truly peaked my interest.
eiei says
Thank you! Hope you enjoyed.