Phuket is a well-known destination but you may not know about Phang Nga Bay which is only 1 hour away from Phuket international Airport. It is just a small town, very quiet and less tourist. There are nothing much to expect to do activities and sightseeing.
မနက်ခင်း အခန်းထဲကနေမြင်လိုက်ရတဲ့ မြင်ကွင်းလေးက ကိုယ့် အရှေ့မှာ ပန်းချီကားလေး လာဆွဲထားသလိုပဲ တော်တော်လှပါတယ် ၊ Phang Nga မြို့ထဲက တစ်ခြားနေရာတွေမှာ တည်းမယ်ဆိုရင် ဒီလို မျိုး မြင်ချင်မှ မြင်ရလိမ့်မယ် ၊ အိတို့ နေခဲ့တဲ့ ဟော်တယ်လေးက တောင်ပေါ် View Point မှာ မို့ အရမ်းလှသွားတာပါ
5 things to do in Phang Nga
1) Stay at Hotel
ဘယ်မှ မသွားပဲ စိမ်းစိုပြီတဲ့ ရှု့ခင်းကြီးကို ကြည့်ပြီး ဟော်တယ်မှာ အိပ်လိုက် စားလိုက်နေတာနဲ့တင် တော်တေ်ာတန်ပြီး Relax ဖြစ်သွားပါလိမ့်မယ် Hotel ကတော့ အဲဒီမြို့ မှာ အကောင်းဆုံး လို့ ပြောလို့ ရတဲ့ အတွက် အမြဲ Book ပြည့်နေတတ်ပါတယ် ၊ အိတို့တောင် ၅ လ လောက်ကတည်းက Booking ကိုလုပ်ခဲ့တာပါ Airport မှာ ကားငှားပြီး ကိုယ်တိုင်မောင်းသွားတယ် ၊ ဟော်တယ်က ကားကိုလည်း လာကြို ခိုင်းလို့ ရပါတယ် အသွားအပြန် ဒေါ်လာ ၁၀၀ လောက်ကျပါတယ် ၊ ဒါမှမဟုတ် Phuket Airport မှာ Taxi တွေ ငှားလို့ ရတယ် ၊ အဲလိုမှ မဟုတ်လည်း Driver အပါ ကားကို ဘယ်၂ ရက် အပြတ်ဆိုပြီး ငှားဖို့ ကြို စီစဉ်သွားပါ
ဒါကတော့ တည်းခဲ့တဲ့ Hotel နာမည်လေးက
Sametnangshe Boutique
အခန်းအမျိုးအစားက ၃-၄ မျိုးလောက်ရှိမယ် အိတို့ တည်းခဲ့တာက Villa ပါ Tent တွေမှာလည်းနေလို့ ရတယ် Tent တွေနဲ့ က တော်တော် စျေးသက်သာတယ် တစ်ညကို ဒေါ်လာ ၅၀ လောက်ပဲ ရှိမယ်ထင်တယ် Villa ကတော့ နည်းနည်းပိုစျေးများမယ် ဒီတို့တည်းတဲ့ Villa ပုံစံက ၄ ခုပဲ ရှိပါတယ် အလှဆုံး View က Villa (3)(4) ပါ သစ်ပင်တွေမကာပဲ View ကို မြင်ရလို့ပါ
Tip : Please check the room availability through booking.com
2) Boat Trip to James Bond Island
Phang Nga Bay လှေထွက်တဲ့နေရာကနေ James Bond Island ကို ၁၅ မိနစ်လောက်ပဲ မောင်းရပါတယ် ရေရေရာရာ ဘာမှတော့မရှိဘူး ရေထဲ ထိုးထွက်နေတဲ့ ကျောက်တောင်ကြီးတွေတော့ အများကြီး James Bond ကားရိုက်ခဲ့လို့ အဲနေရာလေးနာမည်ကြီးပြီး James Bond Island ဖြစ်လာတယ်ထင်ပါတယ် တချို ့လူတွေဓာတ်ပုံရိုက်ရင် လက်ကို သတ်နတ်လိုလို လုပ်ပြီး ရိုက်နေကြာတာပဲ
James Bond Island မသွားချင်ရင်လည်း တခြား Ban Hin Rom Pier နဲ့ တခြား အနီးအနားက Island လေးတွေကို လည်လို့ ရပါတယ် Boat Trip ကလည်း ဟော်တယ်က စီစဉ်ပေးတယ် ကိုယ်သွားချင်တဲ့ အချိန်နဲ့ နေ့ကို Hotel ရောက်မှ ပြောလိုက်ပါ ၊ သူတို့ အကုန်စီစဉ်ပေးပြီး လှေဆိပ်အထိပါလိုက်ပို့ပေးပါတယ်
3) Visit Near by Beach
အမှန်အတိုင်းပြောရရင် ဘယ်မှလည်စရာမရှိဘူး ၊ အဲဒါကို နှစ်ယောက်သား မရှိရှိတဲ့ Beach သွားမယ်ဆိုပြီးထွက်လာခဲ့တာ ကန်းခြေမှာ လူတစ်ယောက်မှ မရှိတဲ့ Pilai Beach ဆိုတာလေးကို ရောက်လာခဲ့ကြတယ် ၊ တစ်ကယ်ကို လူတစ်ယောက်မှ မရှိတာ ခွေးတွေပဲ ရှိတယ် ဒါမဲ့ Beach က Sand လေးတွေအရောင်က ပန်းရောင်လည်း မဟုတ် လိမ္မော်လေးလည်း မဟုတ်သမျိုးလေး လှတယ် ၊ ပုံလေးတွေ ကြည့်ကြည့်ပေးနော်
4) Eat Local Food
Thailand ရောက်ပြီဆိုတော့ အစားအသောက်လေးက ကောင်းတယ်လေ Thai Food ဆိုတာ နာမည်ကြီးဆုံးပဲ ဆိုတော့ အားရပါးရစားပြီးလေ ၊ ဟော်တယ်မှာ ၂ ရက်လောက် စားသောက်ပြီးတကာလ တခြားနေရာမှာလည်း စားချင်တာနဲ့ City View Point က စားသောက်ဆိုင်လေးကို ထွက်ခဲ့တယ် သူလည်း တောင်ကုန်းလေးပေါ်မှာရှိတဲ့ စားသောက်ဆိုင်လေးပါ ၊ View ကတော့ သစ်ပင်တွေပဲ ရှိပေမဲ့ အစား အသောက်တော်တော် အရသာရှိတယ် ပြီးတော့ Cocktail လည်း အရမ်းကောင်းတယ် ၊ တကယ်လို့ ရောက်ဖြစ်ခဲ့ရင် Try ခဲ့နော် Hotel ကို ကား စီစဉ်ခိုင်းလို့လည်းရမယ်နဲ့တူတယ်
Restaurant နာမည်လေးက Nern Khao View Talay Restaurant ပါ ၊ သူဆီက ပုဇွန်ကင်က အရမ်း အရမ်းကောင်းတယ် Prawn Paste လေး (မြန်မှာလို ပုဇွန်ငါးပိဖြစ်မလား မပြောတတ်ဘူး) အဲဒါလေးကလည်း အရမ်းကို စားကောင်းတယ်
ဒီတစ်ခါ ခရီးက အစားအသောက်နဲ့တင် တော်တော်ကျေနပ်နေမိတယ်
5) Eat Seafood
အစားအသောက်အကြောင်းလေးတွေပဲ ပြောလို့ စိတ်မညစ်သွားပါနဲ့နော် တကယ်ကို စားလို့ သောက်လို့ ကောင်းခဲ့လို့ပါရှင် ၊ ဒီတစ်ခေါက် Phang Nga Bay ကနေပြီး Phuket Airport ကို ပြန်တဲ့ လမ်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ပင်လယ်ကို ဖြတ်ထားတဲ့ တံတားလေး ဘေးနားက Sea Food ဆိုင်လေး အကြောင်းပြောပြမယ်နော်
Restaurant Name နာမည်လေးက Thanoon Seafood တဲ့ နာမည်တော်တော်ကြီးတယ်နဲ့ တူတယ် ဆိုင်ကြီးက အကျယ်ကြီးပဲ အိတို့သွားခဲ့တဲ့ အချိန်က နေ့လည်ဖက်ဆိုတော့ လူတစ်ယောက်မှတော့မရှိဘူး ညနေတို့ ညဖက်တို့ဆို လူအရမ်းများမယ်ထင်တယ် မြန်မာလိုတွေပါရေးထားတယ် ၊ အဲဒီရောက်ရင် ဂဏန်း သံပုရာလေး စားခဲ့ဖို့ မမေ့နဲ့ အရသာက လေ ရင်ထဲ စွဲကျန်ခဲ့တယ် အခုတောင်ဗိုက်တွေဆာလာပါပြီနော် ၊ ပုံလေးသာကြည့်လိုက်တော့
အမှန်အတိုင်းပြောရရင်တော့ Stress လေးတွေ ပျောက်ပြီး Relax ခဏဖြစ်ချင်ရင် ဒီခရီးလေးက တကယ်ကောင်းပါတယ် ပုံရိုက်စရာကလည်း Hotel မှာပဲ လှနေတော့ Hotel တစ်ခုတည်း အတွက်သွားတဲ့ အိတို့လိုလူမျိုးတွေ အတွက်ကတော့ တန်ပါတယ် ၊ ဒါတောင် ၂ ရက်လောက်နေပြီးရင် ပျင်းလာပါတယ် ၊ ဒါမဲ့ တခြားနေရာတွေပါလည်ချင်တယ် Activities တွေလုပ်ချင်တယ်ဆိုရင်တော့ ဒီတစ်နေရာတည်း မဟုတ်ပဲ Phuket ကိုပါဝင်လည်သင့်တယ်လို့ အကြံပေးပါစေ
Leave a Reply