I believe Iceland is in everyone’s bucket list. You can imagine beautiful sky, rain, rainbow, snow, wind, hail, sand, waterfall and cold, everything in one place that is so called Iceland.
Iceland ဆိုတာနဲ့ လူတွေတော်တော်များများရဲ့ ရင်ထဲမှာ လှလိုက်တာ အရမ်းသွားချင်လိုက်တာလို့ ဆိုကြပေမဲ့ တော်တော်များများမရောက်ဖြစ်တဲ့ နိုင်ငံလေးတစ်ခုပါ ဘာလို့လဲဆိုရင်
- အရမ်း ဝေးတယ်လို့ထင်ကြတယ်
- စျေးကြီးတယ် ပြောကြတယ်
- အရမ်းအေးတယ်ထင်တယ်
- အစား အစာတွေ မကောင်းဘူး
- ဘာမှဝယ်စရာမရှိဘူး
အစရှိတဲ့ Excuse တွေ အများကြီးနဲ့ မရောက်ဖြစ်တာတွေ ဖြစ်သွားတတ်ပါတယ်
Iceland gives you new world with Mother Nature.
သဘာဝရဲ့ အလှတရားဆိုတာ ဘယ်အရာနဲ့မှ ယှဉ်လို့ မရနိုင်ဘူးဆိုတာ Iceland ရောက်တဲ့ အချိန်မှာ ခံစားချက်လေးဖြစ်ပေါ်ခဲ့မိတယ် တောင်တွေ အထပ်ထပ် အလွှာလိုက်ကျနေတဲ့ ပန်းချီကားလိုပုံရိပ်တွေ ၊ အင်အားကြီးမားစွာတဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကြီးတွေ လွတ်လပ်ချင်းဆိုတဲ့ အနက် အဓိပ္ပာယ်တွေဟာ ဒီ နိုင်ငံလေးထဲမှာ အားလုံး စုစည်းနေမိတယ်
Kirkjufell Mountain
အရမ်းလှတယ် အရမ်းကြမ်းတယ်ဆိုတဲ့အတိုင်း ရာသီဥတု အရမ်းကြမ်းပါတယ် ၊ ပြောရင်ယုံကြည်ဖို့ဆိုတာ တကယ်ခက်ခဲတယ် အိတို့ကိုယ်တိုင်လည်း မယုံကြည်ခဲ့လို့ပါ ၊ ဒါမဲ့ တကယ်ပါ အရမ်းအရမ်းကို ဆိုးရွားတဲ့ ရာသီဥတုဟာ Winter သွားတဲ့သူတိုင်း ကြုံ တွေ့ရမှာ မလွဲ မတွေ ပါ ၊ ဒီလိုရာသီဥတုကြမ်းလှတဲ့ နိုင်ငံမှာ လူတွေ ရဲ့ စိတ်ဟာ ဘယ်လောက် Strong ဖြစ်လဲ ဆိုတာ အရမ်း အံ့သြမိခဲ့တယ်၊ ၊ ခရီးလမ်းကို မုန်တိုင်းတွေကြားရအောင်သွားခဲ့တဲ့သူတွေ ပြီးတော့ တစ်ယောက်တည်း Solo Travel လာတဲ့ သူတွေ Hiking သမားတွေ သူတို့ Strong ဖြစ်ချက်ဟာ တကယ်ကို ချီးကျူးမိတယ် ၊ အထူးသဖြင့် Iceland နိုင်ငံကို အရမ်းလှတယ်ဆိုတာ ချပြသွားနိုင်ခဲ့တဲ့ Landscape Photographer တွေဟာ ဒီပုံလေး တစ်ပုံ ရဖို့ ဘယ်လောက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရလည်းဆိုတာ တကယ်ကိုသိခဲ့ရပါတယ်
Stokksnes
If Iceland is one of your bucketlists, I hope this blog will help you.
Iceland is not very difficult country to explore. Everyone can speak English and they are friendly too. One important thing you might need is to choose the right car rental. You are planning for long-length road trip and your car will be one of your best friend to do adventure with you.
How to plan your Iceland Trip
⌘ Decision
Before we started our plan to Iceland, it was a very hard decision to choose summer or winter.
In Summer, the day is longer and there is midnight sun (which mean the sun will not set until midnight 12 AM). Since your day is longer, you will have more time to visit the attractions and enjoy the nature.
But In Winter, day time is short and the night is dark. Northern lights are awaiting. Snow over beautiful mountains and the pink skies are proof that Iceland is magical in winter.
You really need to make right decision before heading to this country. Summer ကော Winter ကော ရာသီ ၂ ခု စလုံးက အလှတမျိုးတွေရှိတာကြောင့် စဉ်းစားရတာ အရမ်းခက်ပါတယ် ၊ ပထမဆုံးသွားမယ်ဆိုရင် ကိုယ့်အတွက် ဘယ်ရာသီက အကြိုက်ပိုဖြစ်နိုင်မလဲဆိုတာ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်နော်
⌘ Planning
Summer မှာ ရာသီဥတုက နည်းနည်းကြမ်းမယ်ဆိုရင် Winter မှာ အဆိုးဆုံး အထိတာ မှတ်လိုက်ပါ အဲဒီအတွက် ကိုယ်သွားမဲ့ ခရီးက သေချာ ဖြောင့်ဖြူးဖို့လိုပါတယ်
| How many days |
Winter မှာ လမ်းတွေ တော်တော်များများရုတ်တရတ် ပိတ်ချလိုက်တာတို့ရှိတဲ့ အတွက် ပုံမှန်သွားတဲ့ ခရီးတွေထက် Delay ဖြစ်မယ် ၊ ကိုယ်နေမဲ့ ရက်က ပုံမှန်သတ်မှတ်ထားတာထက် ပိုတွက်ထားပါ ၊ Summer သွားမယ်ဆိုရင် လမ်းတွေပိတ်တာမရှိတဲ့ အတွက် ပုံမှန်ရက်အတိုင်းနေလို့ရပါတယ် Winter သွားတဲ့ အိတို့အတွက် 17 ရက်က မလုံလောက်ခဲ့ပါဘူး
| Choose your favorite |
Iceland မှာ Golden Circle, Ring Road, Diamond Circle, Westfjords ရယ်ဆိုပြီး လည်စရာ ၄ မျိုးရှိပါတယ် ဒါမဲ့ လူအသွားများတာက Golden Circle နဲ့ Ring Road ပါ
Golden Circle ဆိုတာ Tourist တွေ အတွက် အရမ်း Popular ဖြစ်ပြီး Iceland South ဖက်အခြမ်းမှာရှိတဲ့ Attractions လည်စရာတွေကို တစ်နေရာနဲ့ တစ်နေရာ အရမ်း အဝေးကြီး မောင်းစရာမလိုပဲ Iceland မြို့တော် Reykjavik ကနေသွားလည်လို့ ရတဲ့ နေရာလေးတွေပါ ၊ Main Attraction တွေဖြစ်တဲ့ Waterfall, Beach, Crater, Icelandic Horse တွေနဲ့တင်ပြည့်စုံသွားပြီလေ ၊ အိတို့ရောက်ဖြစ်ခဲ့တဲ့ နေရာလေးတွေက
▷ Gullfoss Falls
▷ Geysir
▷ Kerid Crater
▷ Secret Hotspring
▷ Viking House
▷ Thingvellir National Park
▷ Braurfoss waterfall
▷ Secret Lagoon Ring Road
Ring Road ဆိုတာကတော့ Iceland နိုင်ငံတစ်ခုလုံးကို အပြင်ဖက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကားလမ်း အတိုင်း ပါတ်ပြီး Attraction လေးတွေ လည်တာပါ ? East Region က မျက်စိတစ်ဆုံး Landscape အရမ်းလှတယ် North Region က အေးချမ်းပြီးတော့ နေချင်စရာဖြစ်ခဲ့တယ် West Region ကတော့ မပြောပြတတ်တော့ဘူး လှတာထက်ပိုတယ်လို့တောင် တင်စားမိတယ်
Ring Road မှာ ပါတဲ့ Attraction တွေကတော့
South & East
▷ Seljalandsfoss
▷ Skogafoss
▷ Solheimasandur Plane Wreck
▷ Dyrholaey View Point
▷ Reynisfjara Beach (Black Sand Beach)
▷ Eldhraun (Moose)
▷ Svinafellsjokull Glacier
▷ Skaftafell Glacier
▷ Ice Cave
▷ Glacier Lagoon
▷ Diamond Beach
▷ Vestrahorn
▷ Viking Village
▷ Stokksnes
▷ Blue Church
North & West
▷ Hverfjall (Volcano Crater)
▷ Hverir (Mud Pits)
▷ Lake Myvatn
▷ Beer Spa
▷ Grafarkirkja
▷ Hvitserkur
▷ The Bridge
▷ Kirkjufell Mountain
▷ The Black Church
▷ Snaefellsnes Peninsula
Diamond Circle နဲ့ Westfjords က တော့ Winter မှာ သွားဖို့ လမ်းတွေ ပိတ်တာကြောင့် သွားဖို့ အခက်အခဲ ရှိပါတယ် Iceland မြေပုံကိုကြည့်လိုက်မယ်ဆိုရင် အပေါ်တစ်ဖက်ဆီမှာ အတပ်လေး ထွက်နေတဲ့ နေရာကို ခေါ်တာပါ၊ အရမ်းသွားချင်ခဲ့ပေမဲ့ ရာသီဥတု အခြေအနေကြောင့် မသွားဖြစ်ခဲ့ပါဘူး
Skogafoss Skogafoss Moose Hverfjall (Volcano Crater)
| Where to Stay |
Golden Circle လောက်ပဲ သွားမဲ့သူကတော့ Reykjavik မြို့တော်နဲ့ မဝေးတာကြောင့် အဲမှာနေလို့ ရပါတယ် ၊ Attraction တွေကို Day Trip လိုမျိုး လည်လို့ ရတယ်
South Region ထိပဲ လည်မယ်ဆိုရင်တော့ South Region က Vik မြို့လေးက သာယာပြီးအရမ်းလှပါတယ် အဲမြို့လေးမှာ Hotel လေးတွေ Guest House လေးတွေ ရှိတယ်
Vik
Ring Road ကို ပါတ်မယ်ဆိုရင်တော့ ဘယ်မြို့တွေနေရမလဲဆိုတာ အခက်တွေ့ပါပြီ တချို့ကကျတော့ ဘယ်အချိန်ဘယ်ကို ရောက်မလဲ မသိ မုန်တိုင်းဘယ်အချိန်လာမှန်းမသိတဲ့ အတွက် Hotel ကို ကြို မ Book ထားပဲ အနားနီးမှ Book တာတွေ ရှိပါတယ်
ဒါမဲ့ မြန်မာတွေကျတော့ Visa လျှောက်ရင် Hotel Booking ပြရတဲ့ အတွက် ကြို Book ထားရတယ်လေ ၊ မုန်တိုင်းရှိကြောင်း Record ကို ပြနိုင်ခဲ့ရင် တချို့ဟော်တယ်တွေကတော့ ကိုယ်ဒီနေ့မှာ မရောက်ဖြစ်ခဲ့ရင် ကိုယ်ရောက်လာတဲ့နေ့ကို အစားပြန်ပေးတယ်
Check Out the coolest AirBNB in Iceland
| Transportation |
Iceland မှာ တစ်ခုနဲ့ တစ်ခုသွားဖို့ အတွက် Shuttle Bus တွေ ၊ Bus Car တွေ ရှိတယ်လို့ ပြောကြတယ် ဒါမဲ့ အဆင်ပြေပါ့မလား အိ Experience မရှိတော့ သေချာမသိဘူး ၊ Tour တွေနဲ့ဆိုရင်တော့ ကိုယ်သည်းမဲ့ ဟော်တယ်ကို လာခေါ်ပေးတယ် ၊ ဒါမှမဟုတ် နှစ်ယောက် သို့ သူငယ်ချင်းတွေ သို့ မိသားစုလိုက် လွတ်လွတ်လပ်လပ် လည်ပြီး ကိုယ်ကြိုက်တဲ့ နေရာ ကိုယ်သွားနိုင်ဖို့ ဆိုရင်တော့ Self-Drive က အရမ်းပျော်ဖို့ကောင်းပါတယ် ဒါမဲ့ Winter ဆိုရင်တော့ တော်တော် ခက်ခဲလိမ့်မယ် အရမ်း Dangerous ဖြစ်တယ် ရေခဲနေတဲ့ လမ်းပေါ်မှာ မုန်းတိုင်းကြောင့် ရှေ့နောက် ဘာမှ မမြင်ရတဲ့ မြင်ကွင်းမှာ မောင်းရတာ Winter Road ကို မကျွမ်းကျင်ဘူးဆိုရင် လမ်းဘေးထိုးရပ်သွားတာ တွေ ဖြစ်ပြီး Accident တွေဖြစ်တတ်ပါတယ်
အိတို့ နှစ်ယောက်က Self-Drive ကို ကြိုက်ပြီး Experience လည်းရှိတာမို့ Iceland Ring Road ကို Car Rent ပြီး ပါတ်ဖြစ်ခဲ့ပါတယ် ၊ ဒီ Trip တစ်ခုလုံးမှာ အသက်ပါခဲ့တဲ့ အရာကတော့ Car လေးပဲ အရမ်း အေးရင် သူ့ထဲ ၀င်ထိုင်လို့ရတယ် ၊ ခရီးလမ်းကို အခက်အခဲ မရှိ ချောချောမွေ့မွေ့နဲ့ ဒီလောက်ဆိုးတဲ့ ရာသီဥတုမှာ ခရီးအဆုံးထိပို့စောင်ပေးနိုင်ခဲ့တယ် ၊ စက်ပျက်တာတွေလည်း မဖြစ်ခဲ့ဘူး ၊ Full Insurance လည်းပါတော့ တစ်ခုခုဖြစ်ရင် Cover တဲ့ အတွက် ဘာမှလည်း ပူစရာမလိုတော့ဘူး ၊ Insurance တွေကတော့ ကိုယ်ကြိုက်တာ ကိုယ်ရွေးလို့ ရတယ် ဒါမဲ့ အကြံပေးချင်တာကတော့ အမြင့်ဆုံးဟာကို ယူပါ ၊ နောက်တစ်ခုက ကားတံကားလွင့်တာပါ အဲဒါကတော့ ဘယ် Insurance ကမှ Cover မဖြစ်ဘူးဆိုတာ မှတ်ထားနော်
Car ပေါ်မှာ Internet သုံးလို့ ရတဲ့ 4G Wifi ပါထည့်ထားပေးတော့ ကိုယ်လမ်းမှာ အဆင်မပြေဖြစ်ခဲ့ရင် ချက်ချင်းဆက်သွယ်နိုင်တယ် ၊ 4 Wheel Drive သို့ 2 Wheel Drive လည်း ကြိုက်တာ ရွေးလို့တယ် ၊ Ring Road ကို ပါတ်မယ်ဆိုရင်တော့ 4 Wheel Drive ကိုပဲ ရွေးစေချင်တယ် ၊ Customer Service က အရမ်းကောင်းပြီး ကား စယူတာနဲ့ ဘယ်နေရာလေးတွေ သွားသင့်လဲဘယ်အချိန်မုန်တိုင်းရှိလဲ ဆိုတာက အစ လမ်းညွှန်သတိပေးတယ် ၊ Customer Service ကလည်း ၂၄ နာရီဖြစ်တာကြောင့် မနက်အစောကြီးလေယာဉ်စီးတဲ့သူတွေအတွက်လည်း ကြိုက်တဲ့ အချိန် ကားပြန်အပ်လို့ ရတယ် ၊ ကားယူ ကားအပ်တာကလည်း Airport ရဲ့ အနီးနားမှာ ဆိုတော့ လေယာဉ်ပေါ်ကဆင်တာနဲ့ ကားလေးယူပြီး ခရီးစလို့ရပြီ
Car လေးက တကယ် အရေးပါတာကြောင့် စိတ်ချရပြီး အမှားအယွင်းမရှိတဲ့ Car Rental တွေကို သေချာရွေးနိုင်မှ အဆင်ပြေပါလိမ့်မယ် အိတို့ရဲ့ ကားလေးကတော့ Iceland Car Rental ကပါ
| Food to Eat |
Iceland က အစားအသောက်တွေ အရမ်းကောင်းပါတယ် စျေးလည်း တချို့ European Country လောက်မကြီးပါဘူး ၊ အိအကြိုက်ဆုံး ဆိုင်လေးတွေကို ပြောပြပေးမယ်နော် Pakkhús Restaurant (Hofn) ၊ Hofn က Lobster က စားပြီးရင် ဆွေမျိုး မေ့လောက်တယ်ဆိုတာ တကယ်ပဲ အရမ်းအရမ်း ချက်တာကောင်းပြီး ထပ်ထပ်ပြီး စားချင်လောက်အောင်ကို ဖြစ်တယ် ၊ သူတို့ကိုယ်တိုင်ကလည်း Lobster ဟင်းချက်တာနဲ့ပါတ်သတ်ပြီး အရမ်း ဂုဏ်ယူကြတယ် ၊ Hofn Lobster Festival တွေတောင်ကျင်းပကြတယ်တဲ့
Reykjavik မှာ ဆိုရင် Krua Thai စားကောင်းချက်က Thailand ကို ပြန်ရောက်သွားသလိုပဲ ပွဲတိုင်းကို က အရသာရှိနေတာ ရောက်ဖြစ်ခဲ့ရင် စားခဲ့နော် Road Trip သွားခဲ့မယ်ဆိုရင် သူတို့ စားသောက်ဆိုင်တွေက အစောကြီးပိတ်တာမို့ Instant Noodle လေးတွေ အိတို့တော့ ၀ယ်ထားဖြစ်တယ် ၊ ညကျလို့ ဗိုက်ဆာရင်စားလို့ ရအောင်လေ ၊ Supermarket တွေက နေရာတိုင်းမှာရှိပေမဲ့ ပစ္စည်းမစုံတာကြောင့် တချို့ Instant Noodle တွေဆိုရင် အရသာတော်တော်ဆိုးပါတယ် စားလို့တောင် မရဘူး ၊ အဲဒါကြောင့် Asia Tom Yam ကို တွေ့တာနဲ့ များများတာ ၀ယ်ထားပါ
| Weather Preparation |
Iceland Weather က အရမ်းအေးတဲ့ Weather မဟုတ်ပါဘူး Winter မှာ -3 က အများ ဆုံးပဲ ၊ Finland မှာ -18 အထိနေခဲ့ဖူးပါတယ် ၊ ဒါမဲ့ ဘာလို့ အေးတယ်လို့ ပြောကြတာလည်းဆိုရင် သူရဲ့ လေ ကြောင့်ပါ ၊ လေ တိုက်တာ အရမ်းပြင်းတယ် တော်ရုံပြင်းတဲ့ လေမဟုတ်ဘူး လူကို လွှင့်ထွက်ပြီး လမ်းတောင် ဆက်လျှောက်လို့ မရတော့အောင်ကို ပြင်းတာပါ ၊ လူတင်မဟုတ်ဘူး ကားပါ လွတ်ပါတယ် ၊ အဲကြောင့် Weather ကို သေချာကြည့် ခရီးဆက်ပါ ၊ “Windy” ဆိုတဲ့ Phone App လေးကို Download လုပ်ပြီး Wind လာတဲ့ လမ်းကြောင်းတွေကြည့်နိုင်ပါတယ်
မျက်နှာများတဲ့ မိုးကောင်းကင်ဆိုတာ Iceland ရဲ့ ကောင်းကင်ကို ပြောတာနေမှာ ၊ ၅ မိနစ်တစ်ခါလောက် မိုးရွာလိုက်နေပြန်ပူလာလိုက် နဲ့ တစ်ချိန်လုံး ပြောင်းနေတတ်ပါတယ် ၊ အဲဒါကြောင့်မို့လို့ မိုးရွာပြီးမုန်တိုင်းကျပြီဆိုပြီး ထွက်မသွားလိုက်ပါနဲ့ ခနေနေ သူမဟုတ်တဲ့ အတိုင်း နေပြန်လင်းလာပါလိမ့်မယ်
Clothing နဲ့ပါတ်သတ်ပြီးပြောရမယ်ဆိုရင် Iceland မှာ Weather ကြောင့်ချမ်းတာ မဟုတ်ပါဘူး Right Cloth မဝတ်ထားခြင်းပဲ ၊ အတွင်း ထဲမှာ Thermal ကို အရမ်းကောင်းတာ ၀တ်ပါ အပေါစားတွေ မဝယ်ပါနဲ့ ၊ Wind Breaker Jacket ကလည်း အရမ်း အရေးကြီးပါတယ် ပုံမှန် Coat တွေက Wind ကို ခံနိုင်ရေမရှိဘူး ၊ Wind Breaker Jacket ကောင်းကောင်းတစ်ခုပါရင်တောင် တော်တော်လုံလောက်နေပါပြီ ၊ Snow တွေ ရှိလို့ အရမ်းလှတဲ့ Sparking Snow တွေလို့ မထင်လိုက်နဲ့ Iceland က Snow တွေက အကြမ်းတွေ တချို့ Snow တွေဆို အလုံးကြီးတွေ ဖြစ်တာမို့ ရေဆိုခံ ခြေအိတ် လက်အိတ်တွေနဲ့မှ အဆင်ပြေမယ်
SHOP BEST WINTER ESSENTIALS
| Activities to do |
Iceland ရဲ့ အဓိက ကတော့ Attraction တွေကို လည်ရင် 15 min to 1 hr / 2 hr / 3 hr ကြာတဲ့ အတွက် Hiking က တော့ မဖြစ်မနေလုပ်ရမဲ့ Activities တစ်ခုဖြစ်နေပါပြီ ၊ ကျန်တာက Winter ဆိုရင် Snow Mobile Drive, Dog Sledding, Glacier Hiking လုပ်လို့ ရမယ် Summer ဆိုရင် Popular ဖြစ်တဲ့ Whale Watching လေးရယ် Scuba Driving လေးလုပ်လို့ရပါမည် အိကတော့ တစ်ချို့ Activities တွေ လုပ်ဖူးတော့ တခါမှမလုပ်ဖူးတဲ့ Iceland ရဲ့ မဖြစ်မနေ Glacier Hiking ကို Troll Expedition နဲ့ အတူ လုပ်ခဲ့တယ်
| Northern Lights & Blue Lagoon |
Northern Lights ကြည့်ဖို့ကို တချို့တွေက Iceland ကိုရွေးကြတယ် ဒါမဲ့ အိအကြံပေးရမယ်ဆိုရင် Norway တို့ Finland တို့က လေတိုက်တာနည်းတော့ ပိုပြီး အဆင်ပြေတယ် ၊ အပြင်မှာ အကြာကြီးနေပြီ သေချာ ပိုခံစားလို့ရတယ် Iceland က လေတိုက်တာ အရမ်းကြမ်းတဲ့ အတွက် Photography အတွက်ပဲ သပ်သပ်လာပြီး အကြမ်းအတန်း ခံနိုင်တဲ့သူတွေနဲ့ ပို ကိုက်လိမ့်မယ်
Blue Lagoon ကတော့ Iceland ရောက်ရင် မဖြစ်မနေလာကြတဲ့ နေရာလေးပေါ့ တစ်ချို့က ရောက်ရောက်ချင်းသွားတယ်ကြတယ် အိက တော့ အားလုံး လည်လို့ပြီးမှ နာက်ဆုံးရက်မှာ ၀င်ပြီး အေးအေးဆေးဆေး အနားယူ လိုက်တယ် ပင်ပန်းတာတွေ ပျောက်ပြီး လေယာဉ်ပေါ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လို့ရတယ်လေ ၊ Geothermal Water နဲ့ ပင်လယ်ရေ ရောထားတာကြောင့် အပြာအေရာင် ဖြစ်နေတယ်လို့ ပြောကြတာပဲ သေချာတော့ မစုံစမ်းခဲ့ဘူး Because for me, Blue Lagoon is just for relaxing and re-energizing.
⌘ Enjoy the Moment
Iceland က တကယ် တခြားကမ္ဘာရောက်သွားသလိုခံစားမှုကို ပေးတဲ့ နိုင်ငံလေးပါ ၊ သစ်ပင်တွေအရမ်းနည်းပြီး ကွင်းပြင်ကျယ်ကြီးတွေနဲ့ တောင်တန်းတွေပုံဖော်ထားတာ Winter မှာ so Magical ပါပဲ ၊ Volcano မြေဖြစ်တဲ့ အတွက် မြေတွေက အမဲရောင်နဲ့ နှင်းက အဖြူရောင် ဆိုတော့ အဖြူ အနက် so Contrast ကို ခံစားရတယ် ၊ အိက သဘာဝရဲ့ အလှတရားတွေကို အရမ်းချစ်တဲ့သူ ဖြစ်တဲ့ အတွက် ဒီလို Country လေးက အဓိပ္ပါယ်နဲ့ တန်ဖိုးရှိတယ်လို့ ခံစားရတယ် ၊ ပုံလေးတွေ တစ်ပုံချင်းစီအောက်မှာလည်း စာလေးတွေ ရေးပြီးမျှဝေပေးထားတာမို့ သေချာဖတ်ကြည့်ဖို့ မမေ့နဲ့ အုံးနော်
The nature is so powerful and endless. The more you step into it, the more you can feel the best of it.
Vestrahorn
Please email [email protected] for our Iceland Road Trip Map.
ဒီ Iceland အကြောင်းလေးကို ဖတ်ပြီး ကိုယ်ကိုယ်တိုင်သွားချင်ခဲ့တယ် သွားတလို ခံစားခဲ့ရတယ်ဆိုရင် Comment လေး မှာ တစ်ခုခုရေးပေးခဲ့နော် နောက်ပြီး Iceland လေး ဘယ်လောက်လှလဲဆိုတာ သူငယ်ချင်းတွေ နဲ့ မိသားစုဝင်တွေ သိအောင် Share လေး လုပ်ပေးဖို့မမေ့နဲ့နော်
turkce says
Usually I do not learn post on blogs, but I would like to say that this write-up very forced me to try and do it! Your writing taste has been surprised me. Thanks, quite nice post. Ester Niels Lundeen
erotik says
This is very interesting, You are a very skilled blogger. Jolie Fabe Roxi