Finland ဆိုတဲ့ နိုင်ငံလေးက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေတဲ့ နိုင်ငံလေးတစ်ခုဆိုရင်လည်းမမှားပါဘူး ဘဝမှာ နှင်းလေးတွေနဲ့ လူတိုင်းတစ်ခါလောက်ဆော့ချင်ကြမှာပဲလေ အဲဒီအတွေးလေး စပြီး ဝင်လာတဲ့ အချိန်က မေလ ၂၀၁၇ ၊ နှင်းတွေကျတဲ့ နိုင်ငံတွေ အတွက် Snow ဆိုတာ မထူးဆန်းပေမဲ့ ငယ်ငယ်လေးကတည်းက မမြင်ဖူးတဲ့ သူတစ်ယောက်အတွက်တော့ ဒါဟာ ရင်ခုန်စရာ သံစဉ်လေး တစ်ခုလိုပါပဲ
Snow ကျတဲ့ နေရာတွေ အများကြီးရှိတဲ့ အထဲမှ ဘာလို့ Finland ကိုမှ ရွေးချယ်ခဲ့မိတာလဲဆိုတဲ့ မေးခွန်းလူတိုင်းမေးချင်မိမှာပဲ ဒါမဲ့ အိကိုယ်တိုင်လည်း အစက မသိခဲ့ပါဘူး Finland ဆိုတဲ့ မြို့လေးကို ရောက်သွားတဲ့ အထိတိုင်အောင်ပေါ့ သဘာဝရဲ့ အလှတရားတွေ တွေနဲ့ ပြည့်နက်နေတဲ့ နိုင်ငံလေး တစ်ခုကို နောက်တစ်ခါ ပြန်သွား ချင်လောက်အောင် အထိဖြစ်ခဲ့မိတယ်
Finland ကိုလို့ စဉ်းစားလိုက်ပြီဆိုရင် သွားသင့်တဲ့ နေရာတွေ အများကြီး ရှိတဲ့အထဲမှ မြို့လေးတွေကို ဘယ်လိုရွေးချယ်ကြမလဲ ဘယ်နှစ်ရက်လောက်သွားသင့်သလဲ ဘယ်နေရာတွေ သွားရမလဲ ဒါတွေ အားလုံးကို စဉ်းစားဖို့ စီစဉ်ဖို့ ရွေးချယ်ဖို့ Well Preparation အချိန်တစ်ခုလိုပါတယ် ၊ ဒီနိုင်ငံလေးဟာ တစ်ခြားနိုင်ငံတွေကို လည်စရာ Attraction များတဲ့ နိုင်ငံ တစ်ခု မဟုတ်ဘူးပါဘူး သူမှာ ရှိတဲ့ သဘာ၀ အလှတရားတွေကို ပုံဖော်ထားတဲ့ နေရာလေးတွေ ဟော်တယ်လှလှလေးတွေ ပြီးတော့ Winter Activities တွေ စတဲ့ Nature နဲ့ ပါတ်သတ်ပြီးခံစားဖို့သက်သက်သာဖြစ်ပါတယ်
အထူးသဖြင့် ဒီနိုင်ငံလေးဟာ ကမ္ဘာမြောက်ဖက်အခြမ်းမှာ ရှိတဲ့ အတွက် လူသားအားလုံး ကြုံဖူးချင်တဲ့ NorthernLights / Aurora Borealis ဆိုတဲ့ အလင်းတန်းလေး ထွက်ပေါ်လေ့ရှိတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ် Lapland ဆိုတာက Finland နိုင်ငံထဲမှာ မှ ဒီထက်ပိုပြီး မြောက်ဖက်ကျတဲ့ Region တစ်ခုကို ပြောတာပါ အဲဒီ Region ထဲမှာ မှ အိရောက်ခဲ့ တဲ့ မြို့လေးတွေ နဲ့ အရမ်းလှတဲ့ Igloo and Glass House တွေ အကြောင်းကို ပြောပြချင်တဲ့ အတွက် ဒီ စာသားလေးတွေ ရေးလိုက်ရခြင်းဖြစ်ပါတယ်
3 Destinations – YOU SHOULD VISIT
7 Days – TO SEE AND FEEL IT ALL
4 Hotels – TO ENJOY YOUR WINTER WONDERLAND
Best Time to Visit in Winter
Finland နိုင်ငံက Winter အတွက် နာမည်ကြီးဖြစ်ပေမဲ့ Summer မှာလည်း အေးချမ်းတယ်လို့ ပြောကြပါတယ် ၊ Winter ဆိုရင် December to February မှာ လိုတာ ထက်ပို အေးတဲ့ အတွက် သွားရလာရတာ အဆင်မပြေပဲ ဖြစ်တတ်ပါတယ် ၊ နေ့တာ တိုပြီး ညတာ ရှည်တဲ့ အတွက် ဓာတ်ပုံ ရိုက်ရင်လည်း မှောင်မဲပြီး အုံ့အုံ့ကြီးဖြစ်နေတတ်ပါတယ် အရမ်းအေးရင် ဘယ်မှ လည်လို့ မရပဲ ဖြစ်တတ်ပါတယ် ၊ Early October to March End အထိကတော့ Winter Activities တွေ စလုပ်နိုင်တဲ့ အချိန်ပါ Aurora အတွက်သွားမယ်ဆိုရင်တော့ Best Time က Early September and End of March မှာ ရာသီဥတု အကူးအပြောင်းနဲ့ မို့လို့ Aurora Strong အဖြစ်ဆုံး အချိန်လို့ Local တွေ ပြောပြတာ သိခဲ့ရပါတယ်
ဒီ Trip ကို အိရွေးချယ်ရတဲ့ အဓိက Highlights တွေကတော့ Best View Hotels လေးတွေရဲ့ Different Feeling ကို ခံစားချင်တာရယ် Snow တွေကြားမှာ ဆော့ချင်တာရယ် Santa Claus ဘိုးဘိုးကြီး ဆီကို သွားလည်ချင်တာရယ်ပဲပေါ့ NorthernLights ကို အဲဒီလောက် ရင်မခုန်ခဲ့တာ တကယ်ကို အမှန်ပါ Lucky မကောင်းတတ်တဲ့ အိအတွက် မြင်ရခဲ့ ရင်လည်း Bonus လို့ပဲဆိုပြီး စိတ်ထဲမှတ်ထားခဲ့ပါတယ် NorthernLights ဆိုတာ တကယ်ကို ကံကောင်းမှ မြင်ရတာပါ အဲဒါကြောင့် Expectation အရမ်းမထားပါနဲ့ ၊ ဒီ Trip ကို Plan တာ က NorthernLights အစား ကိုယ့် စီစဉ်တဲ့ ခရီးဟာ ကိုယ့်အတွက် ပျော်ရွှင်စရာ တစ်ခု ဖြစ်ဖို့ အရေးအကြီးဆုံးပါ
အိတို့အတွက် ဒီခရီးလေးဟာ တကယ်ကို တန်ဖိုး မဖြတ်နိုင်ခဲ့ပါဘူး NorthernLights ကို သွားတဲ့ ၆ ညစလုံးမှာ မြင်ခဲ့ ရတာတယ် ကိုယ်တကယ်မှန်းထားတဲ့ The Beauty of Nature ကို မြင်ခဲ့ရတာရယ် ခရီးလေးတောက်လျှောက်မှာ ကြုံတွေ့ရတဲ့ အတွေအကြုံ ပျော်ရွှင်မှုတွေက Finland နိုင်ငံလေးကို ရင်ထဲ ဆွဲကျန်ခဲ့စေတယ်
Leave a Reply